စံချိန်တစ်ခုမှာ မက်ဆီကိုကျော်တက်နိုင်ဖို့ နီးစပ်လာတဲ့ စီရော်နယ်ဒို

ဂျူဗင်တပ်စ်အသင်းရဲ့ တိုက်စစ်မှူး စီရော်နယ်ဒိုက ချန်ပီယံလိဂ်ပြိုင်ပွဲမှာ ဘာစီလိုနာအသင်းရဲ့တိုက်စစ်မှူး မက်ဆီရဲ့ စံချိန်တစ်ခုကို ချိုးဖြတ်နိုင်ဖို့ နီးစပ်လာတယ်လို့ သိရှိရပါတယ်။ စီရော်နယ်ဒိုဟာ ဗုဒ္ဓဟူးနေ့က ကစားခဲ့တဲ့ မန်ချက်စတာယူနိုက်တက်အသင်းနဲ့ ချန်ပီယံလိဂ်ပွဲစဉ်မှာ အသင်းအတွက် ဦးဆောင်ဂိုးသွင်းယူနိုင်ခဲ့တာကြောင့် သူ့အတွက် ချန်ပီယံလိဂ်ပြိုင်ပွဲရဲ့ အုပ်စုအဆင့်မှာ သွင်းယူနိုင်ခဲ့တဲ့ ဂိုးအရေအတွက်က (၆၁) ဂိုးအထိ ရှိလာခဲ့ပြီလည်း ဖြစ်ပါတယ်။ 

အခုနှစ် ချန်ပီယံလိဂ်အုပ်စုအဆင့်ပွဲစဉ်တွေ မစတင်ခင်မှာ စီရော်နယ်ဒိုနဲ့မက်ဆီတို့ရဲ့ ချန်ပီယံလိဂ်သွင်းဂိုးက ဂိုး (၆၀) ဆီတူညီနေခဲ့ကြပြီး လက်ရှိအချိန်ထိ ချန်ပီယံလိဂ်အုပ်စုပွဲစဉ် လေးပွဲအထိ ကစားပြီးချိန်မှာ မက်ဆီက ငါးဂိုးသွင်းယူထားကာ စီရော်နယ်ဒိုက တစ်ဂိုးသွင်းယူထားတာကြောင့် မက်ဆီက (၆၅) ဂိုး စီရော်နယ်ဒိုက (၆၁) ဂိုးနဲ့ အပြိုင်အဆိုင်ဖြစ်လာတာလည်း ဖြစ်ပါတယ်။ စီရော်နယ်ဒိုဟာ ဂျူဗင်တပ်စ်အသင်းနဲ့ ပထမဆုံးချန်ပီယံလိဂ် အုပ်စုအဖွင့်ပွဲမှာတင် တိုက်ရိုက်အနီကတ်နဲ့ ထုတ်ပယ်ခံခဲ့ရပြီး ယန်းဘွိုင်းစ်အသင်းနဲ့ပွဲကို လွဲချော်ခဲ့ရကာ ယူနိုက်တက်အသင်းနဲ့ အုပ်စု ဒုတိယအကျော့မှာ တစ်ဂိုးသွင်းယူနိုင်ခဲ့တာကြောင့် အခုလိုမျိုး (၆၁) ဂိုးရှိလာပြီး မက်ဆီကတော့ အဖွင့်ပွဲနှစ်ပွဲဖြစ်တဲ့ PSV စပါးအသင်းတို့နဲ့ပွဲတွေမှာ ငါးဂိုးသွင်းယူနိုင်ခဲ့တာကြောင့် (၆၅) ဂိုးရှိနေတာလည်း ဖြစ်ပါတယ်။ 

မက်ဆီဟာလည်း လက်မောင်းဒဏ်ရာကြောင့် အင်တာမီလန်အသင်းနဲ့ ကစားခဲ့တဲ့ ချန်ပီယံလိဂ် အုပ်စုနှစ်ပွဲလုံးကို လွဲချော်ခဲ့ရပေမဲ့ လက်ရှိအချိန်မှာတော့ ဒဏ်ရာက ပြန်လည်သက်သာလာပြီဖြစ်တာကြောင့် လက်ကျန်နှစ်ပွဲဖြစ်တဲ့ PSV စပါးအသင်းတို့နဲ့ ပွဲမှာ ပြန်လည် ကစားနိုင်တော့မှာဖြစ်ပြီး အုပ်စုလက်ကျန်ပွဲတွေမှာ စီရော်နယ်ဒိုနဲ့မက်ဆီတို့ရဲ့ အပြိုင်အဆိုင် သွင်းဂိုးတွေကို မြင်တွေ့ရဖွယ် ရှိနေပြီလည်း ဖြစ်ပါတယ်။ ဥရောပဘောလုံးအဖွဲ့ချုပ်ရဲ့ တရားဝင်ထုတ်ပြန်ချက်အရ စီရော်နယ်ဒိုဟာ ချန်ပီယံလိဂ်ပြိုင်ပွဲမှာ အင်္ဂလန် စပိန် အီတလီကလပ်အသင်းတွေအတွက် ဂိုးသွင်းယူနိုင်တဲ့ ငါးဦးမြောက်ကစားသမားလည်း ဖြစ်လာခဲ့ပါတယ်။ ယခင်က ဆမ်မြူရယ်အီတူး မိုရာတာ လော်ရန်တေး ဘတ်စ္စတာတို့ဟာ စီရော်နယ်ဒိုလိုပဲ ချန်ပီယံလိဂ်ပြိုင်ပွဲမှာ အင်္ဂလန် စပိန် အီတလီကလပ်အသင်းတွေအတွက် ဂိုးသွင်းယူနိုင်တဲ့ ကစားသမားတွေ အဖြစ် မှတ်တမ်းဝင်ထားခဲ့တယ်လို့လည်း သိရှိရပါတယ်။

အကောင်းဆုံး ဘောလုံးပွဲပေါက်ကြေးများနဲ့ ပွဲခန့်မှန်းချက်များကို http://mmbookie.com/ တွင်ဝင်ရောက်ကြည့်ရှုလိုက်ပါ။

 

5K Shares