စီရော်နယ်ဒိုနဲ့မက်ဆီတို့ရဲ့ ခေတ်မကုန်သေးဘူးလို့ ဆိုလိုက်တဲ့ ဂျာမန်ဂန္တဝင် လိုသာမားသီးယပ်စ်

ဂျာမနီလက်ရွေးစင်အသင်းရဲ့ ဂန္တဝင်ကစားသမားဟောင်းကြီး လိုသာမားသီးယပ်စ်က ကမ္ဘာကျော် ကစားသမားတွေဖြစ်တဲ့ မက်ဆီနဲ့ စီရော်နယ်ဒိုတို့ နှစ်ယောက်ရဲ့ ခေတ်က မကုန်သေးဘူးလို့ ဖွင့်ဟပြောကြားမှုတွေ ပြုလုပ်သွားခဲ့ပါတယ်။ ပြီးခဲ့တဲ့ တနင်္လာနေ့က ကျင်းပခဲ့တဲ့ (၂၀၁၈) ခုနှစ်အတွက် ကမ္ဘာ့အကောင်းဆုံး ကစားသမား ဆုပေးပွဲအခမ်းအနားမှာ မိုဒရစ်က စီရော်နယ်ဒိုနဲ့မက်ဆီတို့ရဲ့ ဆယ်နှစ်ကြာ လွှမ်းမိုးမှုကို အဆုံးသတ်နိုင်ခဲ့ပြီးနောက် စီရော်နယ်ဒိုနဲ့မက်ဆီတို့ရဲ့ ခေတ်တစ်ခေတ် ကုန်ဆုံးပြီလို့ ထင်ကြေးပေး ခန့်မှန်းမှုတွေ ထွက်ပေါ်လာခဲ့ပါတယ်။ 

ဒီလိုအယူအဆတွေနဲ့ပတ်သက်ပြီး ဂျာမန်ဂန္တဝင် လိုသာမားသီးယပ်စ်က “ဘဝက အမြဲတမ်း ပြောင်းလဲနေတာပါ။ စီရော်နယ်ဒိုနဲ့မက်ဆီတို့က ဘောလုံးလောကအတွက် အရေးကြီးတဲ့ ကစားသမားတွေဖြစ်ပေမဲ့ လူငယ်မျိုးဆက်သစ်တစ်ခုကလည်း လာနေပါပြီ။ မိုဒရစ်ကတော့ လူငယ်မျိုးဆက်ထဲက ကစားသမား မဟုတ်ပါဘူး။ ဒါပေမဲ့ သူ့မှာ စီရော်နယ်ဒို မက်ဆီတို့ရဲ့ ဘေးက အသင်းဖော်တွေလို ကစားသမားကောင်းတွေ ရှိခဲ့ပြီး သူလည်း ဒီအသီးအပွင့်တွေကို ခံစားခဲ့ရတာပါ။ တခြား ကစားသမားတွေရဲ့ အရည်အချင်းတွေကို သူရရှိခဲ့တာပါ။” 

“ဒါပေမဲ့ အသင်းကသာ သူုတို့ရဲ့ရလဒ်တွေကို ဆုံးဖြတ်ပေးနိုင်ပါတယ်။ ခင်ဗျားရလဒ်တစ်ခု ထွက်လာမယ်ဆိုရင် ခင်ဗျားအနေနဲ့ ကွဲပြားခြားနားမှုတစ်ခုကို လုပ်ပြနိုင်ရပါမယ်။ ခင်ဗျားအနေနဲ့ ဒီလိုမတူကွဲပြားခြားနားတဲ့ အချက်တွေကို လုပ်ပြနိုင်ပြီဆိုရင်တော့ ကမ္ဘာ့အကောင်းဆုံး ကစားသမားဆုကို ရပါပြီ။ မက်ဆီက ဘာစီလိုနာအတွက် ကစားတယ်။ မိုဒရစ်နဲ့ စီရော်နယ်ဒိုတို့က ရီးရဲယ်မက်ဒရစ်အသင်းအတွက် ကစားပေးခဲ့ကြတယ်။ ဒီအချက်တွေက သူတို့ရဲ့ ကမ္ဘာ့အကောင်းဆုံး ကစားသမားဆုတွေအတွက် အများကြီး အထောက်အကူဖြစ်ခဲ့ပါတယ်။ အနာဂတ်မှာ အမ်ဘာပေက ကမ္ဘာ့အကောင်းဆုံး ကစားသမားဖြစ်လာနိုင်ပြီး သူက အရမ်းကောင်းတဲ့ ကစားသမားတစ်ယောက်ပါ။ စီရော်နယ်ဒိုနဲ့မက်ဆီတို့ရဲ့ တောက်ပမှုတွေက မရပ်တန့်သေးပါဘူး။ ဒါပေမဲ့ အခု အမ်ဘာပေ ဂရစ်ဇ်မန်း ချဲလ်ဆီးက ဟာဇက်လည်း ပါကောင်းပါနိုင်ပါတယ်။ ကစားသမားတော်တော်များများက အခုဆို ထူးခြားကောင်းမွန်တဲ့ အရာတွေကို စွမ်းဆောင်ပြနေပါပြီ။” ဆိုပြီး ဖွင့်ဟပြောကြားသွားခဲ့တယ်လို့ သိရှိရပါတယ်။

 

 

2K Shares