စီရော်နယ်ဒိုနဲ့မက်ဆီ ဘယ်သူပိုကောင်းလဲဆိုတာ ပြောပြသွားတဲ့ နေမာ

PSG အသင်းရဲ့ တိုက်စစ်မှူးဖြစ်သူ နေမာက စီရော်နယ်ဒိုနဲ့မက်ဆီတို့ နှစ်ဦးမှာ ဘယ်သူပိုကောင်းလဲဆိုတာကို ဖွင့်ဟပြောကြားသွားခဲ့တယ်လို့ သိရှိရပါတယ်။ နေမာဟာ ဘာစီလိုနာအသင်းမှာ ကစားတုန်းက မက်ဆီနဲ့ အတူတွဲဖက်ကစားဖူးတဲ့ ကစားသမားတစ်ဦးဖြစ်ပြီး လက်ရှိအချိန်မှာ ကမ္ဘာ့အကောင်းဆုံး ကစားသမားအဖြစ် အသင်းဖော်ဟောင်း မက်ဆီကိုသာ ရွေးချယ်ပေးသွားခဲ့ပါတယ်။ 

နေမာက “စီရော်နယ်ဒိုက တောင်ပံကစားသမား ဘဝကနေ လာပြီး အခုဆို ဂိုးသွင်းတဲ့ တိုက်စစ်မှူး တစ်ဦးအဖြစ် ရပ်တည်လျက်ရှိပါတယ်။ တခြားကစားသမားတွေနဲ့ စာရင် သူက ထိချက်တစ်ချက် နှစ်ချက်လောက်နဲ့ဧရိယာထဲမှာ ဂိုးတွေ သွင်းနိုင်ပါတယ်။ မက်ဆီကတော့ အရာအားလုံးနဲ့ ပြည့်စုံနေတယ်လို့ ထင်ပါတယ်။ သူက ကွင်းလယ်မှာ ကစားနေရင်းနဲ့တောင် ဂိုးတွေ သွင်းပေးနိုင်ပြီး ကျွန်တော် ကွင်းထဲမှာ လမ်းလျှောက်နေတဲ့ အချိန်မှာတောင် သူက ဂိုးတွေ သွင်းနေပါတယ်။ အဲ့ဒါကြောင့် သူက ကမ္ဘာ့အကောင်းဆုံး ကစားသမားတစ်ဦး ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။” ဆိုပြီး ဖွင့်ဟပြောကြားသွားခဲ့ပါတယ်။ 

ပရိသတ်တွေအနေနဲ့ လက်ရှိအချိန်ထိ စီရော်နယ်ဒို နဲ့ မက်ဆီတို့ ဘယ်သူပိုကောင်း မကောင်း ငြင်းဆန်နေကြပေမဲ့ (၂၀၁၈) ခုနှစ်အတွက် ကမ္ဘာ့အကောင်းဆုံး ကစားသမားဆုပေးပွဲမှာတော့ စီရော်နယ်ဒိုရော မက်ဆီရော နှစ်ယောက်လုံး ဆုရရှိခဲ့ခြင်းမရှိဘဲ စီရော်နယ်ဒိုက ကမ္ဘာ့အကောင်းဆုံး ကစားသမားဆု ရသွားတဲ့ မိုဒရစ်ရဲ့ နောက် ဒုတိယနေရာမှာသာ ရပ်တည်နိုင်ခဲ့ပြီး မက်ဆီမှာမူ မိုဒရစ် စီရော်နယ်ဒို ဂရစ်ဇ်မန်း အမ်ဘာပေ တို့ရဲ့ နောက် အဆင့် ငါးနေရာမှာသာ ရပ်တည်နိုင်ခဲ့ပါတယ်။

 

8K Shares