စီရော်နယ်ဒိုနဲ့မက်ဆီထက် ပိုကောင်းတဲ့ ကစားသမားမရှိဘူးလို့ ပြောကြားလိုက်တဲ့ အမ်ဘာပေ

PSG အသင်းရဲ့ လူငယ်တိုက်စစ်မှူး အမ်ဘာပေက လက်ရှိကမ္ဘာ့အကောင်းဆုံး ကစားသမားနှစ်ဦးဖြစ်တဲ့ စီရော်နယ်ဒိုနဲ့မက်ဆီတို့ထက် ပိုကောင်းတဲ့ ကစားသမား အခုထိ မရှိသေးဘူးလို့ ဖွင့်ဟပြောကြားသွားခဲ့ပါတယ်။ အသက် (၁၉) နှစ်အရွယ်ရှိပြီဖြစ်တဲ့ အမ်ဘာပေဟာ ပြီးခဲ့တဲ့ (၂၀၁၈) ကမ္ဘာ့ဖလားမှာ ဗိုလ်စွဲခဲ့တဲ့ ပြင်သစ်အသင်းအတွက် အထူးခြေစွမ်းပြ ကစားနိုင်ခဲ့သလို စီရော်နယ်ဒိုနဲ့မက်ဆီတို့ ခေတ်လွန် ကမ္ဘာ့အကောင်းဆုံး ကစားသမားအဖြစ် ချီးကျူးခံနေရပေမဲ့ အခုလိုပဲ ဖွင့်ဟပြောကြားသွားခဲ့တာဖြစ်ပါတယ်။ 

အမ်ဘာပေက “လက်ရှိအချိန်မှာ ဘယ်သူကမှ သူတို့နှစ်ယောက်လုံးထက် ပိုကောင်းအောင် မစွမ်းဆောင်နိုင်သေးပါဘူး။ သူတို့နှစ်ယောက်ရဲ့ ခေတ်ကုန်သွားပြီလို့ မပြောနိုင်သေးပါဘူး။ တစ်ယောက်ယောက်က သူတို့ထက် ပိုကောင်းအောင် စွမ်းဆောင်နိုင်မှသာ စီရော်နယ်ဒိုနဲ့မက်ဆီတို့ရဲ့ ခေတ်ကုန်ပြီလို့ ပြောရမှာပါ။ ရိုးရိုးသားသားပြောရရင် သူတို့နှစ်ယောက်လုံးထက် ပိုကောင်းတဲ့ ကစားသမားကို ဆုပေးဖို့ ရွေးလို့မရသေးပါဘူး။ ဒီနှစ်မှာ သူတို့က အကောင်းဆုံးကစားသမားနှစ်ယောက်ကို လာပြိုင်နေတာပဲ ရှိပါသေးတယ်။” 

“မက်ဆီက ဥရောပမှာ အကောင်းဆုံး ဂိုးသွင်းရှင်ဖြစ်ခဲ့ပြီး စီရော်နယ်ဒိုကလည်း ချန်ပီယံလိဂ်မှာလည်း ဂိုးသွင်းဘုရင်ဖြစ်ခဲ့ပါတယ်။” ဆိုပြီး ပြောကြားသွားခဲ့ပါတယ်။ ဒါပေမဲ့ အမ်ဘာပေက ကမ္ဘာ့အကောင်းဆုံးကစားသမားဆုနဲ့ ပတ်သက်ပြီးတော့ “ပြင်သစ်သားတွေထဲကပဲ ကမ္ဘာ့အကောင်းဆုံးကစားသမားဆုကို ရယူနိုင်ဖို့ မျှော်လင့်ပါတယ်။ ဒီနှစ်မှာ ကျွန်တော်တို့က ကြီးကြီးမားမား စွမ်းဆောင်ရည်တချို့ကို ပြသနိုင်ခဲ့ကြပြီး ပြင်သစ်သားတစ်ယောက်ယောက်ကသာ ဒီဆုကို မရခဲ့ရင် ဒီဆုက ရှက်ဖို့ ကောင်းသွားပါလိမ့်မယ်။ ကျွန်တော်တို့က သမိုင်းသစ်ရေးထိုးနိုင်ခဲ့ပြီး ဒီအတွက်လည်း အကောင်းဆုံးဆုတွေနဲ့ ထိုက်တန်ပါတယ်။” ဆိုပြီး ပြောကြားသွားခဲ့ပါတယ်။ (၂၀၁၈) ခုနှစ်အတွက် ကမ္ဘာ့အကောင်းဆုံး ကစားသမားဆုအတွက် စီရော်နယ်ဒို မက်ဆီ ဂရစ်ဇ်မန်း မိုဒရစ် တို့က အသီးသီး ရေပန်းစားလျက်ရှိနေပြီး ဆုပေးပွဲအခမ်းအနားကိုတော့ ဒီဇင်ဘာလ (၃) ရက်နေ့မှာ ပြင်သစ်နိုင်ငံ ပဲရစ်မြို့မှာ ကျင်းပသွားမယ်လို့ သိရှိရပါတယ်။

အကောင်းဆုံး ဘောလုံးပွဲပေါက်ကြေးများနဲ့ ပွဲခန့်မှန်းချက်များကို http://mmbookie.com/ တွင်ဝင်ရောက်ကြည့်ရှုလိုက်ပါ။

 

2K Shares

Leave a Reply

Your email address will not be published. Required fields are marked *