စီေရာ္နယ္ဒိုနဲ႔ဒီဘာလားတို႔အၾကား တင္းမာမႈေတြ ရွိေနၿပီလား ???

ဂ်ဴဗင္တပ္စ္အသင္းရဲ႕ တုိက္စစ္မွဴးႏွစ္ဦးျဖစ္တ့ဲ စီေရာ္နယ္ဒုိနဲ႔ဒီဘာလားတို႔ႏွစ္ဦးဟာ ကစားပုံအရ သူတို႔ႏွစ္ဦးအတူတြဲကစားလို႔မျဖစ္ႏုိင္ဘူးလားဆုိတ့ဲ ထင္ေၾကးေပးမႈေတြ ထြက္ေပၚလာခ့ဲပါတယ္။ အသက္ (၂၅) ႏွစ္အရြယ္ရွိၿပီျဖစ္သူ အာဂ်င္တီးနား လက္ေရြးစင္ကစားသမား ဒီဘာလားဟာ အသင္းမွာ ပုံမွန္ပြဲထြက္ခြင့္အတြက္ ရုန္းကန္ေနရၿပီး ၿပီးခ့ဲတ့ဲ အပတ္က ပါးမားအသင္းနဲ႔ သံုးဂုိးစီသေရက်ခ့ဲတ့ဲပဲြမွာ အရံခုံမွာ ထိုင္ေနခ့ဲရသလုိ မေန႔ညက ဆာဆူအိုလုိအသင္းကို သံုးဂုိးျပတ္နဲ႔ အႏုိင္ရရွိခ့ဲတ့ဲပြဲမွာလည္း ပြဲထြက္ကစားသမားစာရင္းမွာ ပါဝင္ခြင့္မရခ့ဲပါဘူး။

ဒီဘာလားနဲ႔စီေရာ္နယ္ဒုိတုိ႔ႏွစ္ဦးၾကားတင္းမာမႈေတြ ရွိေနတ့ဲပုံစံကို ၿပီးခ့ဲတ့ဲ ရက္သတၱပတ္မ်ားအတြင္းက နည္းျပျဖစ္သူ အယ္လီဂရီက ျမင္ေတြ႔ခ့ဲၿပီးေနာက္ပိုင္းမွာ ဒီဘာလားကို အခုလို ခ်န္လွပ္မႈေတြ ရွိလာတယ္လို႔ ေကာလာဟာလသတင္းမ်ား ထြက္ေပၚလာခ့ဲတာျဖစ္ပါတယ္။ ဆာဆူအုိလုိအသင္းကို အေဝးကြင္းမွာ သံုးဂိုးျပတ္နဲ႔ အႏုိင္ရခ့ဲတ့ဲ ပြဲအၿပီးမွာ နည္းျပ အယ္လီဂရီက “ေပးဂိုးမရွိ ႏုိင္ပဲြတစ္ပဲြကို ရယူႏုိင္ခ့ဲတ့ဲအတြက္ ကစားသမားေတြကို ကြ်န္ေတာ္ ခ်ီးက်ဴးခ်င္ပါတယ္။ ဒါက အရမ္းအေရးႀကီးတ့ဲ အရာျဖစ္ၿပီး အသင္းက အေကာင္းဆံုး ပံုစံမွာ ရွိေနခ့ဲပါတယ္။” ဆုိၿပီး အီတလီ Sky Sports သတင္းဌာနကို ေျပာၾကားသြားပါတယ္။

စီေရာ္နယ္ဒိုနဲ႔ဒီဘာလားတုိ႔ႏွစ္ဦးနဲ႔ ပတ္သက္ၿပီးေတာ့လည္း အယ္လီဂရီက “သူတို႔ႏွစ္ေယာက္က အတူတြဲကစားလို႔ရတ့ဲ ကစားသမားေတြျဖစ္ၿပီး ေနာက္လည္း တြဲကစားဖို႔ ရွိပါတယ္။ ဒါေပမ့ဲ အသင္းရဲ႕ ဟန္ခ်က္ညီဖို႔အတြက္ ကစားသမားတုိင္းကို ကြ်န္ေတာ္တို႔ လိုအပ္ပါတယ္။ ကြ်န္ေတာ့္ရဲ႕ လူေရြးခ်ယ္မႈကလည္း ၿပိဳင္ဘက္အသင္းအေပၚမွာလည္း မူတည္ပါေသးတယ္။ ေနာက္တန္းမွာ အေသပိတ္စားတ့ဲ အသင္းေတြနဲ႔ ေတြ႔ရင္ ကြ်န္ေတာ္တုိ႔က သူတို႔ ခံစစ္တဝုိက္မွာ ေဘာလံုးကို ေဝ့ပတ္ေပးေနရၿပီး ၿပိဳင္ဘက္ခံစစ္တန္းမွာ ေနရာလြတ္ေပၚတာနဲ႔ အ့ဲဒီၾကားထဲကို ေဘာလံုးခင္းေပးရတာပါ။ ဆာဆူအိုလိုအသင္းမွာ ေတာင့္တင္းတ့ဲ ကြင္းလယ္ရွိၿပီး ကြ်န္ေတာ့္ အသင္းရဲ႕ ဟန္ခ်က္ကို ကြ်န္ေတာ္ထိန္းသိမ္းဖို႔ လိုအပ္ပါတယ္။” ဆုိၿပီး ဖြင့္ဟေျပာၾကားမႈေတြ ျပဳလုပ္သြားခ့ဲပါတယ္။

ဆာဆူအိုလိုအသင္းကို အေဝးကြင္းမွာ သံုးဂုိးျပတ္နဲ႔ အႏုိင္ရခ့ဲ့တ့ဲပြဲမွာ ဂ်ဴဗင္တပ္စ္အသင္းအတြက္ ခီဒီရာ စီေရာ္နယ္ဒုိ အမ္မရီကန္တို႔က တစ္ဂိုးစီသြင္းယူေပးခ့ဲၿပီး ဒီပြဲမွာ အသင္းအတြက္ စီေရာ္နယ္ဒိုသြင္းယူေပးခ့ဲတ့ဲ တစ္ဂိုးဟာ ဒီရာသီ သူ႔အတြက္ ၿပိဳင္ပြဲစံု ဂုိး (၂၀) ေျမာက္သြင္းဂိုးျဖစ္သလို ေနာက္ဆံုးေဘာလံုးရာသီ (၁၃) ႏွစ္ဆက္တုိက္ တစ္ရာသီ အနည္းဆံုး ဂိုး (၂၀) သြင္းယူေပးႏုိင္တ့ဲ ကစားသမားတစ္ဦးအျဖစ္ မွတ္တမ္းဝင္သြားခ့ဲပါတယ္။ ဒီဂုိးသြင္းယူၿပီးခ်ိန္မွာလည္း စီေရာ္နယ္ဒိုက ဒီဘာလားရဲ႕ ေအာင္ပြဲခံဟန္ျဖစ္တ့ဲ မ်က္ႏွာကို လက္နဲ႔အုပ္ၿပီး Mask တပ္ဟန္နဲ႔ ေအာင္ပြဲခံခ့ဲၿပီး သူတို႔ ႏွစ္ဦးၾကား ျပႆနာမ်ားရွိေနတယ္ဆိုတ့ဲ သတင္းေတြကို ပယ္ခ်သြားခ့ဲတယ္လုိ႔လည္း မီဒီယာမ်ားက ေဖာ္ျပခ့ဲၾကပါတယ္။

Unicode

ဂျူဗင်တပ်စ်အသင်းရဲ့ တိုက်စစ်မှူးနှစ်ဦးဖြစ်တဲ့ စီရော်နယ်ဒိုနဲ့ဒီဘာလားတို့နှစ်ဦးဟာ ကစားပုံအရ သူတို့နှစ်ဦးအတူတွဲကစားလို့မဖြစ်နိုင်ဘူးလားဆိုတဲ့ ထင်ကြေးပေးမှုတွေ ထွက်ပေါ်လာခဲ့ပါတယ်။ အသက် (၂၅) နှစ်အရွယ်ရှိပြီဖြစ်သူ အာဂျင်တီးနား လက်ရွေးစင်ကစားသမား ဒီဘာလားဟာ အသင်းမှာ ပုံမှန်ပွဲထွက်ခွင့်အတွက် ရုန်းကန်နေရပြီး ပြီးခဲ့တဲ့ အပတ်က ပါးမားအသင်းနဲ့ သုံးဂိုးစီသရေကျခဲ့တဲ့ပွဲမှာ အရံခုံမှာ ထိုင်နေခဲ့ရသလို မနေ့ညက ဆာဆူအိုလိုအသင်းကို သုံးဂိုးပြတ်နဲ့ အနိုင်ရရှိခဲ့တဲ့ပွဲမှာလည်း ပွဲထွက်ကစားသမားစာရင်းမှာ ပါဝင်ခွင့်မရခဲ့ပါဘူး။

ဒီဘာလားနဲ့စီရော်နယ်ဒိုတို့နှစ်ဦးကြားတင်းမာမှုတွေ ရှိနေတဲ့ပုံစံကို ပြီးခဲ့တဲ့ ရက်သတ္တပတ်များအတွင်းက နည်းပြဖြစ်သူ အယ်လီဂရီက မြင်တွေ့ခဲ့ပြီးနောက်ပိုင်းမှာ ဒီဘာလားကို အခုလို ချန်လှပ်မှုတွေ ရှိလာတယ်လို့ ကောလာဟာလသတင်းများ ထွက်ပေါ်လာခဲ့တာဖြစ်ပါတယ်။ ဆာဆူအိုလိုအသင်းကို အဝေးကွင်းမှာ သုံးဂိုးပြတ်နဲ့ အနိုင်ရခဲ့တဲ့ ပွဲအပြီးမှာ နည်းပြ အယ်လီဂရီက “ပေးဂိုးမရှိ နိုင်ပွဲတစ်ပွဲကို ရယူနိုင်ခဲ့တဲ့အတွက် ကစားသမားတွေကို ကျွန်တော် ချီးကျူးချင်ပါတယ်။ ဒါက အရမ်းအရေးကြီးတဲ့ အရာဖြစ်ပြီး အသင်းက အကောင်းဆုံး ပုံစံမှာ ရှိနေခဲ့ပါတယ်။” ဆိုပြီး အီတလီ Sky Sports သတင်းဌာနကို ပြောကြားသွားပါတယ်။

စီရော်နယ်ဒိုနဲ့ဒီဘာလားတို့နှစ်ဦးနဲ့ ပတ်သက်ပြီးတော့လည်း အယ်လီဂရီက “သူတို့နှစ်ယောက်က အတူတွဲကစားလို့ရတဲ့ ကစားသမားတွေဖြစ်ပြီး နောက်လည်း တွဲကစားဖို့ ရှိပါတယ်။ ဒါပေမဲ့ အသင်းရဲ့ ဟန်ချက်ညီဖို့အတွက် ကစားသမားတိုင်းကို ကျွန်တော်တို့ လိုအပ်ပါတယ်။ ကျွန်တော့်ရဲ့ လူရွေးချယ်မှုကလည်း ပြိုင်ဘက်အသင်းအပေါ်မှာလည်း မူတည်ပါသေးတယ်။ နောက်တန်းမှာ အသေပိတ်စားတဲ့ အသင်းတွေနဲ့ တွေ့ရင် ကျွန်တော်တို့က သူတို့ ခံစစ်တဝိုက်မှာ ဘောလုံးကို ဝေ့ပတ်ပေးနေရပြီး ပြိုင်ဘက်ခံစစ်တန်းမှာ နေရာလွတ်ပေါ်တာနဲ့ အဲ့ဒီကြားထဲကို ဘောလုံးခင်းပေးရတာပါ။ ဆာဆူအိုလိုအသင်းမှာ တောင့်တင်းတဲ့ ကွင်းလယ်ရှိပြီး ကျွန်တော့် အသင်းရဲ့ ဟန်ချက်ကို ကျွန်တော်ထိန်းသိမ်းဖို့ လိုအပ်ပါတယ်။” ဆိုပြီး ဖွင့်ဟပြောကြားမှုတွေ ပြုလုပ်သွားခဲ့ပါတယ်။

ဆာဆူအိုလိုအသင်းကို အဝေးကွင်းမှာ သုံးဂိုးပြတ်နဲ့ အနိုင်ရခဲ့တဲ့ပွဲမှာ ဂျူဗင်တပ်စ်အသင်းအတွက် ခီဒီရာ စီရော်နယ်ဒို အမ်မရီကန်တို့က တစ်ဂိုးစီသွင်းယူပေးခဲ့ပြီး ဒီပွဲမှာ အသင်းအတွက် စီရော်နယ်ဒိုသွင်းယူပေးခဲ့တဲ့ တစ်ဂိုးဟာ ဒီရာသီ သူ့အတွက် ပြိုင်ပွဲစုံ ဂိုး (၂၀) မြောက်သွင်းဂိုးဖြစ်သလို နောက်ဆုံးဘောလုံးရာသီ (၁၃) နှစ်ဆက်တိုက် တစ်ရာသီ အနည်းဆုံး ဂိုး (၂၀) သွင်းယူပေးနိုင်တဲ့ ကစားသမားတစ်ဦးအဖြစ် မှတ်တမ်းဝင်သွားခဲ့ပါတယ်။ ဒီဂိုးသွင်းယူပြီးချိန်မှာလည်း စီရော်နယ်ဒိုက ဒီဘာလားရဲ့ အောင်ပွဲခံဟန်ဖြစ်တဲ့ မျက်နှာကို လက်နဲ့အုပ်ပြီး Mask တပ်ဟန်နဲ့ အောင်ပွဲခံခဲ့ပြီး သူတို့ နှစ်ဦးကြား ပြဿနာများရှိနေတယ်ဆိုတဲ့ သတင်းတွေကို ပယ်ချသွားခဲ့တယ်လို့လည်း မီဒီယာများက ဖော်ပြခဲ့ကြပါတယ်။

 

 

12K Shares