စိတ်ဓာတ်တက်ကြွစေမယ့် အကြောင်းရင်းရှာဖို့ ခက်ခဲနေတဲ့ ပေါ့ဘာ

ပြင်သစ်အသင်းနဲ့အတူ ကမ္ဘာ့ဖလား ဆွတ်ခူးပြီးကတည်းက စိတ်ဓာတ်တက်ကြွစေမယ့် အကြောင်းရင်း ဖန်တီးနိုင်ဖို့ ရုန်းကန်နေရတယ်လို့ မန်ယူကွင်းလယ်လူ ပေါ့ဘာက ဝန်ခံခဲ့ပါတယ်။ ဒီရာသီ မန်ယူအသင်းမှာ သူ့ခြေစွမ်း တည်ငြိမ်မှုမရှိဘူးလို့ ပေါ့ဘာက ဝန်ခံခဲ့ပါတယ်။

” ၁ ကတစ်ဖန် အသစ်ပြန်စဖို့၊ အားသွန်ခွန်စိုက် ကြိုးပမ်းဖို့အတွက် အာရုံစူးစိုက်ဖို့ ခက်ခဲနေပါတယ်။ ဘာလို့လဲဆိုတော့ ကျွန်တော်တို့ ကောင်းကင်တမွတ် ကြယ်ကိုဆွတ်နိုင်တဲ့ အခြေအနေ ကြုံခဲ့ပြီးလို့ပါပဲ။ ဘောလုံးသမားတွေအတွက်တော့ အကောင်းဆုံး ဆုဖလားဆွတ်ခူးနိုင်ခဲ့တာပါ။ ကျွန်တော်တို့ စိန်ခေါ်မှုတွေကို သဘောကျပါတယ်။ ရည်မှန်းချက်တွေလည်း ရှိပါတယ်။ ဥပမာအနေနဲ့ ပြောရရင် ကျွန်တော် ပရီးမီးယားလိဂ်ဖလား တစ်ခါမျှ မဆွတ်ခူးနိုင်ခဲ့ပါဘူး။ ဒါက ကျွန်တော့် ရည်မှန်းချက်ပါ။ အဲဒီရည်မှန်းချက် ပြည့်ဝချင်ပါတယ်”လို့ ပေါ့ဘာက ပြောပါတယ်။ ပေါ့ဘာဟာ မန်ယူနည်းပြ မော်ရင်ဟိုနဲ့ ဆက်ဆံရေးအဆင်မပြေမှုတွေ ရှိခဲ့ပြီး မန်ယူကနေ ပြောင်းရွှေ့မယ်လို့ သတင်းထွက်ပေါ်ခဲ့သူပါ။

0 Shares

Leave a Reply

Your email address will not be published. Required fields are marked *