စပိန်နဲ့ပွဲ လွဲချော်မယ့် ဂါရတ်ဘေးလ်

ဝေးလ်တောင်ပံကစားသမား ဂါရတ်ဘေးလ်ဟာ အောက်တိုဘာလ ၁၁ ရက်နေ့မှာ စပိန်အသင်းနဲ့ ကစားမယ့် ခြေစမ်းပွဲစဉ်ကနေ နုတ်ထွက်သွားခဲ့ပြီး အောက်တိုဘာလ ၁၆ ရက်နေ့မှာ အိုင်ယာလန်နဲ့ ကစားရမယ့် Nations League ပွဲစဉ်အတွက်လည်း ၅၀-၅၀ အခြေအနေ ဖြစ်နေတုန်းပဲလို့ ပြောပါတယ်။ အလာဗက်စ်ကို ၁-၀ ဂိုးနဲ့ ရှုံးနိမ့်ခဲ့တဲ့ ပွဲစဉ်မှာ ရီးရဲလ်အသင်းက ဘေးလ်ကို ပွဲချိန်မိနစ် ၈၀ မှာ လူစားလဲခဲ့ပါတယ်။
”ဂါရတ်ဘေးလ်က ကြွက်သားတောင့်တင်းမှုဝေဒနာ ခံစားနေရပါတယ်။ စပိန်နဲ့ပွဲမှာ ပါဝင်နိုင်မှာ မဟုတ်ပါဘူး။ ကျွန်တော်တို့ စွန့်စားတာမျိုး မလုပ်ချင်ပါဘူး။ သူ့ဒဏ်ရာကို နေ့တိုင်း စစ်ဆေးနေပါတယ်”လို့ ဝေးလ်နည်းပြ ရိုင်ယန်ဂစ်က ပြောပါတယ်။ ဘေးလ်ဟာ ပြီးခဲ့တဲ့ တနင်္လာနေ့၊ အင်္ဂါနေ့တွေက ကာဒစ်ဖ်ကွင်းမှာ လေ့ကျင့်ရေးခန်းဆင်းခဲ့တဲ့ ဝေးလ်အသင်းမှာ ပါဝင်ခြင်းမရှိပါဘူး။ ဒါပေမဲ့ အိုင်ယာန်နဲ့ ကစားရမယ့် ပွဲစဉ်မှာ ဘေးလ် ပါဝင်နိုင်မယ်လို့ ရိုင်ယန်ဂစ်က မျှော်လင့်နေပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *