စပါးႏွင့္ မေက်ပြဲျပန္လည္ေတြ႕ဆံုမႈတြင္ေျခစြမ္းျပရန္ ဂြါဒီယိုလာတိုက္တြန္း

မန္စီးတီးအသင္းနည္းျပ ဂြါဒီယိုလာက ျပီးခဲ့ေသာ ခ်န္ပီယံလိဂ္ကြာတားဖိုင္နယ္တြင္ ရႈံးနိမ့္ခဲ့မႈကို သင္ခန္းစာယူျပီး စပါးႏွင့္ထပ္မံေတြ႕ဆံုေနမႈတြင္ ထိုက္တန္ေသာေျခစြမ္းေကာင္းျပသရန္ ကစားသမားမ်ားအား တိုက္တြန္းေျပာာၾကားခဲ့ပါတယ္။ မန္စီးတီးအသင္းသည္ ခ်န္ပီယံလိဂ္ကြာတားဖိုင္နယ္ ပထမအေက်ာ႔အေ၀းကြင္းတြင္ စပါးကို ၁-၀ ဂိုးျဖင့္ ရႈံးနိမ့္ခဲ့ျပီး အိမ္ကြင္းတြင္း ၄-၃ ဂိုးျဖင့္ ျပန္လည္အႏိုင္ရရွိခဲ့ေသာ္လည္း အေ၀းဂိုးစည္းမ်ဥး္အရ ျပိဳင္ပြဲမွ ထြက္ခြာခဲ့ရပါတယ္။

ခ်န္ပီယံလိဂ္ျပိဳင္ပြဲမွ ထြက္ခြာခဲ့ရေသာ္လည္း မန္စီးတီးအသင္းသည္ ယခုရာသီ အက္ဖ္ေအဖလားဗိုလ္လုပြဲတြင္ ၀က္ဖို႔ဒ္ႏွင့္ ရင္ဆိုင္ရမည္ျဖစ္ျပီး ခ်န္ပီယံလိဂ္မွ ထြက္ခြာခဲ့ရျခင္းေၾကာင့္ ပရီးမီးယားလိဂ္ ခ်န္ပီယံဆုအတြက္ လီဗာပူးႏွင့္ျပိဳင္ဆိုင္ရာတြင္ ပိုျပီးအားသာခ်က္ရရွိလိမ့္မည္ဟု ခန္႔မွန္းထားျခင္းမ်ားလည္း ရွိေနပါတယ္။ ဂြါဒီယိုလာကမူ အဆိုပါခန္႔မွန္းခ်က္မ်ားအား ပယ္ခ်ခဲ့ျပီး အသင္းကစားသမားအေနျဖင့္ စပါးႏွင့္ ယေန႔ည အိမ္ကြင္းပြဲစဥ္တြင္ ထိုက္တန္ေသာ ေျခစြမ္းေကာင္းျပသရန္သာ တိုက္တြန္းခဲ့သည္။

“မန္စီးတီးကစားသမားေတြအေနနဲ႔ ဒီရာသီမွာ ကိုယ္ ဘာအတြက္ တိုက္ပြဲ၀င္ေနသလဲဆိတာ မေမ့ေလ်ာ့ဖို႔ လိုအပ္ပါတယ္။ ၾကားရက္က ကစားခဲ့ေသာ ခ်န္ပီယံလိဂ္ပြဲစဥ္မွာ စပါးကို ရႈံးနိမ့္ခဲ့ရတဲ့ ရလဒ္ကို သူတိုမေမ့ဘးလို႔ ကၽြန္ေတာ္ထင္ပါတယ္။ ယေန႔ည အိမ္ကြင္းပြဲစဥ္မွာ အသင္းကစားသမားေတြအေနနဲ႔ အႏိုင္ရလဒ္အတြက္ အေကာင္းဆံု းေျခစြမ္းျပသႏိုင္မယ္လို႔ ေမွ်ာ္လင့္ထားပါတယ္။ ခ်န္ပီယံလိဂ္က ထြက္ခြာခဲ့ရေပမယ့္ ႏိုင္ပြဲနဲ႔အတူ ျပန္လည္ႏိုးထႏိုင္ဖို႔ပဲ လိုအပ္ပါတယ္” ဟု နည္းျပ ဂြါဒီယိုလာက ေျပာၾကားခဲ့ပါတယ္။

Unicode

စပါးနှင့် မကျေပွဲပြန်လည်တွေ့ဆုံမှုတွင်ခြေစွမ်းပြရန် ဂွါဒီယိုလာတိုက်တွန်း

မန်စီးတီးအသင်းနည်းပြ ဂွါဒီယိုလာက ပြီးခဲ့သော ချန်ပီယံလိဂ်ကွာတားဖိုင်နယ်တွင် ရှုံးနိမ့်ခဲ့မှုကို သင်ခန်းစာယူပြီး စပါးနှင့်ထပ်မံတွေ့ဆုံနေမှုတွင် ထိုက်တန်သောခြေစွမ်းကောင်းပြသရန် ကစားသမားများအား တိုက်တွန်းပြောာကြားခဲ့ပါတယ်။ မန်စီးတီးအသင်းသည် ချန်ပီယံလိဂ်ကွာတားဖိုင်နယ် ပထမအကျော့အဝေးကွင်းတွင် စပါးကို ၁-၀ ဂိုးဖြင့် ရှုံးနိမ့်ခဲ့ပြီး အိမ်ကွင်းတွင်း ၄-၃ ဂိုးဖြင့် ပြန်လည်အနိုင်ရရှိခဲ့သော်လည်း အဝေးဂိုးစည်းမျဥ်းအရ ပြိုင်ပွဲမှ ထွက်ခွာခဲ့ရပါတယ်။

ချန်ပီယံလိဂ်ပြိုင်ပွဲမှ ထွက်ခွာခဲ့ရသော်လည်း မန်စီးတီးအသင်းသည် ယခုရာသီ အက်ဖ်အေဖလားဗိုလ်လုပွဲတွင် ဝက်ဖို့ဒ်နှင့် ရင်ဆိုင်ရမည်ဖြစ်ပြီး ချန်ပီယံလိဂ်မှ ထွက်ခွာခဲ့ရခြင်းကြောင့် ပရီးမီးယားလိဂ် ချန်ပီယံဆုအတွက် လီဗာပူးနှင့်ပြိုင်ဆိုင်ရာတွင် ပိုပြီးအားသာချက်ရရှိလိမ့်မည်ဟု ခန့်မှန်းထားခြင်းများလည်း ရှိနေပါတယ်။ ဂွါဒီယိုလာကမူ အဆိုပါခန့်မှန်းချက်များအား ပယ်ချခဲ့ပြီး အသင်းကစားသမားအနေဖြင့် စပါးနှင့် ယနေ့ည အိမ်ကွင်းပွဲစဉ်တွင် ထိုက်တန်သော ခြေစွမ်းကောင်းပြသရန်သာ တိုက်တွန်းခဲ့သည်။

“မန်စီးတီးကစားသမားတွေအနေနဲ့ ဒီရာသီမှာ ကိုယ် ဘာအတွက် တိုက်ပွဲဝင်နေသလဲဆိတာ မမေ့လျော့ဖို့ လိုအပ်ပါတယ်။ ကြားရက်က ကစားခဲ့သော ချန်ပီယံလိဂ်ပွဲစဉ်မှာ စပါးကို ရှုံးနိမ့်ခဲ့ရတဲ့ ရလဒ်ကို သူတိုမမေ့ဘးလို့ ကျွန်တော်ထင်ပါတယ်။ ယနေ့ည အိမ်ကွင်းပွဲစဉ်မှာ အသင်းကစားသမားတွေအနေနဲ့ အနိုင်ရလဒ်အတွက် အကောင်းဆုံ းခြေစွမ်းပြသနိုင်မယ်လို့ မျှော်လင့်ထားပါတယ်။ ချန်ပီယံလိဂ်က ထွက်ခွာခဲ့ရပေမယ့် နိုင်ပွဲနဲ့အတူ ပြန်လည်နိုးထနိုင်ဖို့ပဲ လိုအပ်ပါတယ်” ဟု နည်းပြ ဂွါဒီယိုလာက ပြောကြားခဲ့ပါတယ်။