ဂ်ဴဗင္တပ္နည္းျပရာထူးအတြက္ ကြန္တီထက္ ဂြါဒီယိုလာကို ဦးစားေပးေခၚယူရန္ တိုက္တြန္းေျပာၾကားခဲ့တဲ့ ေနာက္ခံလူေဟာင္း

ဂ်ဴဗင္တပ္ေနာက္ခံလူေဟာင္း အန္တိုနီလိုကူကရီဒူသည္ သူ႔ရဲ႕အသင္းေဟာင္းအား နည္းျပသစ္ရွာေဖြရာတြင္ အန္တိုနီယိုကြန္တီကို ျပန္လည္ခန္႔အပ္ျခင္းထက္ မန္စီးတီးနည္းျပ ဂြါဒီယိုလာကို ဦးစားေပးေရြးခ်ယ္သင့္ေၾကာင္း တုိက္တြန္းေျပာၾကားမႈျပဳလုပ္လိုက္ပါတယ္။ ၅ ႏွစ္တာလက္တြဲခဲ့ေသာ နည္းျပ အယ္လီဂရီသည္ ေသာၾကာေန႔က ရာသီအကုန္တြင္ နည္းျပအျဖစ္မွ ႏႈတ္ထြက္မည္ဟု အတည္ျပဳေျပာ ၾကားခဲ့ျပီးေနာက္ ဂ်ဴဗင္တပ္အသင္းသည္ တူရင္တြင္ လစ္လပ္ေတာ့မည့္နည္းျပရာထူးအတြက္ ရွာေဖြရမည္ျဖစ္ပါတယ္။

အယ္လဂရီသည္ စီးရီးေအခ်န္ပီယံဆုဖလားကို ႏွစ္စဥ္ရရွိေအာင္ စြမ္းေဆာင္ေပးႏိုင္ခဲ့ေပမယ့္လည္း ယခုႏွစ္ရာသီတြင္ ဂ်ဴဗင္တပ္အသင္းမွာ ကိုပါအီတာလီယာ ဖလား ႏွင့္ ခ်န္ပီယံလိဂ္ဖလားတို႔တြင္ ကြာတားဖိုင္နယ္မွ ထြက္ခြာခဲ့ရျခင္းေၾကာင့္ ဂ်ဴဗင္တပ္အသင္းအေနနဲ႔  ယခုအခါ ျပင္ဆင္ေျပာင္းလဲမႈမ်ား ျပဳလုပ္ရေတာ့မည္ျဖစ္ေၾကာင္း သိရွိရပါတယ္။

ဂြါဒီယိုလာသည္ေသာၾကာေန႔က မန္စီးတီးအသင္းမွ ထြက္ခြာမည္မဟုတ္ေၾကာင္းေျပာၾကားခဲ့ေပမယ့္လည္း ဦးစားေပးစာရင္းတြင္ ထိပ္ဆံုးတြင္ ရပ္တည္ေနျပီး စတူဒက္တုိဖလား ၃ ၾကိမ္ ရယူေပးခဲ့ျပီး ၂၀၁၄ ခုႏွစ္က လမ္းခြဲခဲ့ေသာ ကြန္တီမွာလည္း ေနာက္ထပ္သတင္းထြက္ေနေသာ နည္းျပတစ္ေယာက္ျဖစ္ပါတယ္။ ဂ်ဴဗင္တပ္ကစားသမားဘ၀ ၁၂ ႏွစ္တာကာလတြင္ ဆုဖလား ၈ ခုရရွိခဲ့ေသာ ကူကူရက္ဒူ ၁၉၈၉ ခုႏွစ္က ျပန္လည္ေရာက္ရွိလာျပီး ဂ်ဴဗင္တပ္နည္းျပ၀န္ထမ္းတစ္ဦးအျဖစ္ လုပ္ကိုင္ေနျပီး ဂြါဒီယိုလာမွာ ဒီနည္းျပရာထူးအတြက္ အမွန္ကန္ဆံုးေသာ လူျဖစ္တယ္လို႔ ယံုၾကည္ေနပါတယ္။

၄င္းက ဂ်ဴဗင္တပ္အသင္း၀က္ဆိုဒ္တစ္ခုသို႔ “ကုန္က်မႈမ်ားမယ္ဆိုရင္ေတာင္မွ ကၽြန္ေတာ္အေနနဲ႔ ဂြါဒီယိုလာကိုပဲ ေခၚယူေစခ်င္ပါတယ္။ ကၽြန္ေတာ္ဟာ ကြန္တီကို ေလးစားပါတယ္။ ဒါေပမယ့္ ဂ်ဴဗင္တပ္ဟာ အသင္းကို ထားသြားတဲ့လူတစ္ေယာက္ကို ေနာက္ထပ္တစ္ၾကိမ္ ပတ္သတ္မႈေတြ ေပးႏိုင္မလားဆိုတာ ကၽြန္ေတာ္မသိပါဘူး။ အယ္လီဂရီ နဲ႔ ဂ်ဴဗင္ ၾကားမွာ သေဘာတူညီမႈ ရွင္းလင္းပါတယ္။ ျပည္တြင္းပြဲအျပင္ဘက္မွာ အသင္းရဲ႕ စြမ္းေဆာင္ရည္ေတြဟာ ေက်နပ္စရာမေကာင္းခဲ့ပါဘူး။ ခ်န္ပီယံလိဂ္မွာလည္း စိတ္ပ်က္စရာေတြ မ်ားခဲ့ပါတယ္။ ဂ်ဴဗင္တပ္စ္မွာ ႏွစ္အေတာ္ၾကာျဖတ္သန္းခဲ့ျပီးေနာက္မွာလည္း အယ္လီဂရီမွာလည္း တျခားအသင္းေတြဆီကေန ကမ္းလွမး္မႈေတြရွိခဲ့ျပီး တျခားအက်ိဳးအျမတ္ရတဲ့ အလုပ္အတြက္ေတာင္ လက္မွတ္ထိုးဖို႔ အဆင္သင့္ျဖစ္ေနေလာက္ပါျပီ” ဟု ဖြင့္ဟေျပာဆိုမႈမ်ားျပဳလုပ္သြားခဲ့ပါတယ္။

Unicode

ဂျူဗင်တပ်နည်းပြရာထူးအတွက် ကွန်တီထက် ဂွါဒီယိုလာကို ဦးစားပေးခေါ်ယူရန် တိုက်တွန်းပြောကြားခဲ့တဲ့ နောက်ခံလူဟောင်း

ဂျူဗင်တပ်နောက်ခံလူဟောင်း အန်တိုနီလိုကူကရီဒူသည် သူ့ရဲ့အသင်းဟောင်းအား နည်းပြသစ်ရှာဖွေရာတွင် အန်တိုနီယိုကွန်တီကို ပြန်လည်ခန့်အပ်ခြင်းထက် မန်စီးတီးနည်းပြ ဂွါဒီယိုလာကို ဦးစားပေးရွေးချယ်သင့်ကြောင်း တိုက်တွန်းပြောကြားမှုပြုလုပ်လိုက်ပါတယ်။ ၅ နှစ်တာလက်တွဲခဲ့သော နည်းပြ အယ်လီဂရီသည် သောကြာနေ့က ရာသီအကုန်တွင် နည်းပြအဖြစ်မှ နှုတ်ထွက်မည်ဟု အတည်ပြုပြော ကြားခဲ့ပြီးနောက် ဂျူဗင်တပ်အသင်းသည် တူရင်တွင် လစ်လပ်တော့မည့်နည်းပြရာထူးအတွက် ရှာဖွေရမည်ဖြစ်ပါတယ်။

အယ်လဂရီသည် စီးရီးအေချန်ပီယံဆုဖလားကို နှစ်စဉ်ရရှိအောင် စွမ်းဆောင်ပေးနိုင်ခဲ့ပေမယ့်လည်း ယခုနှစ်ရာသီတွင် ဂျူဗင်တပ်အသင်းမှာ ကိုပါအီတာလီယာ ဖလား နှင့် ချန်ပီယံလိဂ်ဖလားတို့တွင် ကွာတားဖိုင်နယ်မှ ထွက်ခွာခဲ့ရခြင်းကြောင့် ဂျူဗင်တပ်အသင်းအနေနဲ့ ယခုအခါ ပြင်ဆင်ပြောင်းလဲမှုများ ပြုလုပ်ရတော့မည်ဖြစ်ကြောင်း သိရှိရပါတယ်။

ဂွါဒီယိုလာသည်သောကြာနေ့က မန်စီးတီးအသင်းမှ ထွက်ခွာမည်မဟုတ်ကြောင်းပြောကြားခဲ့ပေမယ့်လည်း ဦးစားပေးစာရင်းတွင် ထိပ်ဆုံးတွင် ရပ်တည်နေပြီး စတူဒက်တိုဖလား ၃ ကြိမ် ရယူပေးခဲ့ပြီး ၂၀၁၄ ခုနှစ်က လမ်းခွဲခဲ့သော ကွန်တီမှာလည်း နောက်ထပ်သတင်းထွက်နေသော နည်းပြတစ်ယောက်ဖြစ်ပါတယ်။ ဂျူဗင်တပ်ကစားသမားဘ၀ ၁၂ နှစ်တာကာလတွင် ဆုဖလား ၈ ခုရရှိခဲ့သော ကူကူရက်ဒူ ၁၉၈၉ ခုနှစ်က ပြန်လည်ရောက်ရှိလာပြီး ဂျူဗင်တပ်နည်းပြဝန်ထမ်းတစ်ဦးအဖြစ် လုပ်ကိုင်နေပြီး ဂွါဒီယိုလာမှာ ဒီနည်းပြရာထူးအတွက် အမှန်ကန်ဆုံးသော လူဖြစ်တယ်လို့ ယုံကြည်နေပါတယ်။

၎င်းက ဂျူဗင်တပ်အသင်းဝက်ဆိုဒ်တစ်ခုသို့ “ကုန်ကျမှုများမယ်ဆိုရင်တောင်မှ ကျွန်တော်အနေနဲ့ ဂွါဒီယိုလာကိုပဲ ခေါ်ယူစေချင်ပါတယ်။ ကျွန်တော်ဟာ ကွန်တီကို လေးစားပါတယ်။ ဒါပေမယ့် ဂျူဗင်တပ်ဟာ အသင်းကို ထားသွားတဲ့လူတစ်ယောက်ကို နောက်ထပ်တစ်ကြိမ် ပတ်သတ်မှုတွေ ပေးနိုင်မလားဆိုတာ ကျွန်တော်မသိပါဘူး။ အယ်လီဂရီ နဲ့ ဂျူဗင် ကြားမှာ သဘောတူညီမှု ရှင်းလင်းပါတယ်။ ပြည်တွင်းပွဲအပြင်ဘက်မှာ အသင်းရဲ့ စွမ်းဆောင်ရည်တွေဟာ ကျေနပ်စရာမကောင်းခဲ့ပါဘူး။ ချန်ပီယံလိဂ်မှာလည်း စိတ်ပျက်စရာတွေ များခဲ့ပါတယ်။ ဂျူဗင်တပ်စ်မှာ နှစ်အတော်ကြာဖြတ်သန်းခဲ့ပြီးနောက်မှာလည်း အယ်လီဂရီမှာလည်း တခြားအသင်းတွေဆီကနေ ကမ်းလှမ်းမှုတွေရှိခဲ့ပြီး တခြားအကျိုးအမြတ်ရတဲ့ အလုပ်အတွက်တောင် လက်မှတ်ထိုးဖို့ အဆင်သင့်ဖြစ်နေလောက်ပါပြီ” ဟု ဖွင့်ဟပြောဆိုမှုများပြုလုပ်သွားခဲ့ပါတယ်။