ဂိုးသမား အလစ်ဆန်က ခံစစ်မှူးတွေကို ကူညီပေးနိုင်

ကမ္ဘာ့အဆင့်ရှိတဲ့ ဂိုးသမား အလစ်ဆန်က ခံစစ်မှူးတွေကို ကူညီပေးနိုင်သူဖြစ်တယ်လို့ လီဗာပူး နောက်ခံအစွန်လူ အလက်ဇန္ဒားအာနိုးက ချီးကျူးခဲ့ပါတယ်။ လီဗာပူးဟာ ပြီးခဲ့တဲ့ နွေရာသီ အပြောင်းအရွှေ့ကာလမှာ ရိုးမားဂိုးသမား အလစ်ဆန်ဘက်ကာကို ဂိုးသမားတစ်ယောက်အတွက် ကမ္ဘာ့စံချိန်တင်ပြောင်းရွှေ့ကြေး(နောက်ပိုင်းမှာ အဲဒီစံချိန်ကို ချဲလ်ဆီးဂိုးသမား ကက်ပါက ချိုးဖျက်)နဲ့ ခေါ်ယူခဲ့ပါတယ်။ ဒီရာသီ ပရီးမီးယားလိဂ် ပွဲစဉ် ၈ ပွဲ ကစားပြီးချိန်မှာ လီဗာပူးအသင်းက ပေးဂိုးမရှိ ပွဲစဉ် ၅ ပွဲ ကစားနိုင်ခဲ့ပါတယ်။ လီဗာပူးအသင်း ခံစစ်ကြောင်း အားကောင်းအောင် အလစ်ဆန်က ကူညီပေးနေတာလို့ နောက်ခံလူ အာနိုးက ပြောပါတယ်။
” ကျွန်တော်တို့ကို နည်းပြပြောထားတဲ့ မက်ဆေ့နဲ့ အသင်းလိုက် ခံစစ်ကစားတဲ့ပုံစံက ပိုအရေးကြီးပါတယ်။ ကျွန်တော်တို့ အခွင့်အရေး သိပ်မပေးချင်ပါဘူး။ ဒီရာသီမှာ ကျွန်တော်တို့ အခွင့်အရေး များများစားစား မပေးရသေးပါဘူး။ ဒါပေမဲ့ ဂိုးသမားကိုယ်တိုင် ကာကွယ်မှုလုပ်ရချိန်မှာလည်း အလစ်ဆန်က ကမ္ဘာ့အဆင့် ကာကွယ်မှုတွေ လုပ်နိုင်ခဲ့ပြီး ကမ္ဘာ့အဆင့် ဂိုးသမားဆိုတာ သက်သေပြနိုင်ခဲ့ပါတယ်”လို့ အာနိုးက ပြောပါတယ်။

0 Shares

Leave a Reply

Your email address will not be published. Required fields are marked *