ဂရစ္ဇ္မန္းတစ္ေယာက္ ဘာစီလိုနာကုိ ေျပာင္းခ်င္တ့ဲ တစ္ခုတည္းေသာ အေၾကာင္းရင္းက ဘာမ်ားျဖစ္မလဲ ?

အက္သလက္တီကိုအသင္းရဲ႕ တိုက္စစ္ ကစားသမားတစ္ဦးျဖစ္တ့ဲ ဂရစ္ဇ္မန္းဟာ အသင္းနဲ႔အတူ (၅) ႏွစ္ၾကာ ျဖတ္သန္းခ့ဲၿပီးေနာက္မွာေတာ့ လာမယ့္ ေႏြရာသီမွာ အသင္းက ထြက္ခြာေတာ့မွာျဖစ္ေၾကာင္း သိရွိရပါတယ္။ ဂရစ္ဇ္မန္းဟာ အက္သလက္တီကုိမက္ဒရစ္အသင္းရဲ႕ တာဝန္ရွိသူေတြနဲ႔ ေတြ႔ဆံုၿပီးေနာက္မွာေတာ့ အခုလိုပဲ ဆံုးျဖတ္ခ်က္ခ်မွတ္ခ့ဲတာျဖစ္ၿပီး ၿပီးခ့ဲတ့ဲ ရက္ပိုင္းအတြင္းမွာပဲ ပရိသတ္ေတြကို ႏႈတ္ဆက္ခ့ဲၿပီးျဖစ္ပါတယ္။

ဂရစ္ဇ္မန္းဟာ (၂၀၁၃) ခုႏွစ္ ေႏြရာသီမွာ ဆုိစီဒက္အသင္းကေန ေျပာင္းေရႊ႕ေရာက္ရွိလာခ့ဲတာျဖစ္ၿပီး အသင္းအတြက္ အေကာင္းဆံုး ေျခစြမ္းျပ ႏုိင္ခ့ဲသလို ၿပီးခ့ဲတ့ဲ ေဘာလံုးရာသီမွာလည္း အက္သလက္တီကုိအသင္းနဲ႔ ယူရိုပါလိဂ္ဖလား၊ ဥေရာပ စူပါဖလားတုိ႔ကို ရယူႏုိင္ခ့ဲပါတယ္။ အသက္ (၂၈) ႏွစ္အရြယ္ ျပင္သစ္လက္ေရြးစင္ ကစားသမားဟာ အက္သလက္တီကို မက္ဒရစ္အသင္း ပရိသတ္ေတြရဲ႕ အခ်စ္ေတာ္ ကစားသမားတစ္ဦးျဖစ္ေပမယ့္ လက္ရွိအခ်ိန္မွာေတာ့ အသင္းက ထြက္ခြာဖို႔ ဆံုးျဖတ္ခ်က္ ခ်မွတ္ခ့ဲတ့ဲအေပၚ အသင္းပရိသတ္ေတြနဲ႔ ဥကၠဌျဖစ္သူ ဆီရီဇုိတုိ႔က ေဝဖန္ျပစ္တင္မႈမ်ား ျပဳလုပ္ခ့ဲၾကပါတယ္။

ဂရစ္ဇ္မန္းဟာ ျပင္သစ္အသင္းနဲ႔ အတူ (၂၀၁၈) ကမာၻ႕ဖလားမွာ ဗုိလ္စဲြႏိုင္ခ့ဲတ့ဲ ကစားသမားတစ္ဦးျဖစ္ၿပီး ၿပီးခ့ဲတ့ဲ ေႏြရာသီမွာတည္းက ဘာစီလိုနာအသင္းကို ေျပာင္းေရႊ႕ဖို႔ အနီးစပ္ဆံုး အေျခအေနအထိ ေရာက္ရွိခ့ဲၿပီးမွ ဂရစ္ဇ္မန္းက အက္သလက္တီကိုမက္ဒရစ္အသင္းမွာသာ ဆက္ေနရန္ ဆံုးျဖတ္ခ့ဲတာလည္း ျဖစ္ပါတယ္။ မာကာသတင္းစာရဲ႕ ေဖာ္ျပခ်က္အရ ဂရစ္ဇ္မန္းဟာ သူ႔ရဲ႕ အနာဂတ္ နဲ႔ ပတ္သက္ၿပီး အသင္း ရဲ႕ အမႈေဆာင္ အရာရွိခ်ဳပ္ျဖစ္သူ ဂီးလ္မာတင္၊ နည္းျပျဖစ္သူ ဒီေယဂုိဆီျမြန္နီတို႔ နဲ႔ ေတြ႔ဆံုေဆြးေႏြးခ့ဲၿပီး အဆုိပါ အစည္းအေဝးမွာ ဂရစ္ဇ္မန္းက သူ႔အေနနဲ႔ မက္ဆီနဲ႔ တြဲကစားခြင့္ရရွိဖို႔ကို မျငင္းဆန္ႏုိင္ဘူးလုိ႔ ေျပာၾကားခ့ဲေၾကာင္း သိရွိရပါတယ္။

ဒါ့အျပင္ အျခားေသာ သတင္းမ်ား ရဲ႕ ေဖာ္ျပခ်က္အရ ဘာစီလိုနာအသင္းေခါင္းေဆာင္ မက္ဆီဟာ ဂရစ္ဇ္မန္းဆီ တိုက္ရုိက္ဖုန္းေခၚဆုိခ့ဲၿပီး သူနဲ႔ အတူ လာလီဂါ ခ်န္ပီယံအသင္းမွာ တြဲကစားဖုိ႔ ဖိတ္ေခၚခ့ဲတယ္လို႔လည္း သိရွိရပါတယ္။ ဂရစ္ဇ္မန္းဟာ အသင္းနဲ႔ (၂၀၂၃) ခုႏွစ္အထိ စာခ်ဳပ္သက္တမ္း က်န္ရွိေနတ့ဲ ကစားသမားတစ္ဦးျဖစ္ၿပီး လက္ရွိစာခ်ဳပ္အရ စာခ်ဳပ္ေလ်ာ္ေၾကး ယူရိုသန္း (၂၀၀) ရွိေနေပမယ့္ လာမယ့္ ဇူလိုင္လ (၁) ရက္ေန႔မွာေတာ့ အဆုိပါ ေလ်ာ္ေၾကးပမာဏဟာ ယူရိုသန္း (၁၂၀) အထိ ေလ်ာ့က်သြားမယ္လို႔ သိရွိရပါတယ္။

ဂရစ္ဇ္မန္းကို ေခၚယူဖုိ႔ ဘာစီလိုနာအသင္းက သတင္းမ်ားက်ယ္ေလာင္စြာ ထြက္ေပၚလ်က္ရွိေပမယ့္ မန္စီးတီးအသင္းကလည္း ဂရစ္ဇ္မန္းကို ၾကားျဖတ္ေခၚယူရန္ ျပင္ဆင္ေနေၾကာင္း သတင္းမ်ား ထြက္ေပၚလာခ့ဲၿပီး ျပင္သစ္ထိပ္သီးကလပ္ PSG အသင္းကလည္း ဂရစ္ဇ္မန္းကို ေခၚယူဖုိ႔ ေစာင့္ၾကည့္လ်က္ရွိေနတာလည္း ျဖစ္ပါတယ္။ ဒါေပမယ့္ မန္စီးတီး နည္းျပ ဂြါဒီယိုလာကေတာ့ ဂရစ္ဇ္မန္းနဲ႔ ပတ္သက္တ့ဲ သတင္းေတြ အေပၚ “ဘာစီလုိနာကလူေတြမစုိးရိမ္ၾကပါနဲ႔။ ကြ်န္ေတာ္တုိ႔ ဂရစ္ဇ္မန္းကို ေခၚမွာ မဟုတ္ပါဘူး။ ဘာေၾကာင့္လဲဆိုေတာ့ သူ႔အတြက္ ေျပာင္းေရႊ႕ေၾကးကုိ မေပးႏုိင္လုိ႔ပါ။ ကြ်န္ေတာ္တို႔ ဂရစ္ဇ္မန္းကို စိတ္မဝင္စားတာေၾကာင့္ ဘာစီလိုနာပရိသတ္ေတြ စိုးရိမ္ဖို႔ မလိုအပ္ပါဘူး။” ဟု ဖြင့္ဟေျပာၾကားမႈမ်ား ျပဳလုပ္သြားခ့ဲေၾကာင္းလည္း သိရွိရပါတယ္။

Unicode

အက်သလက်တီကိုအသင်းရဲ့ တိုက်စစ် ကစားသမားတစ်ဦးဖြစ်တဲ့ ဂရစ်ဇ်မန်းဟာ အသင်းနဲ့အတူ (၅) နှစ်ကြာ ဖြတ်သန်းခဲ့ပြီးနောက်မှာတော့ လာမယ့် နွေရာသီမှာ အသင်းက ထွက်ခွာတော့မှာဖြစ်ကြောင်း သိရှိရပါတယ်။ ဂရစ်ဇ်မန်းဟာ အက်သလက်တီကိုမက်ဒရစ်အသင်းရဲ့ တာဝန်ရှိသူတွေနဲ့ တွေ့ဆုံပြီးနောက်မှာတော့ အခုလိုပဲ ဆုံးဖြတ်ချက်ချမှတ်ခဲ့တာဖြစ်ပြီး ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်းမှာပဲ ပရိသတ်တွေကို နှုတ်ဆက်ခဲ့ပြီးဖြစ်ပါတယ်။

ဂရစ်ဇ်မန်းဟာ (၂၀၁၃) ခုနှစ် နွေရာသီမှာ ဆိုစီဒက်အသင်းကနေ ပြောင်းရွှေ့ရောက်ရှိလာခဲ့တာဖြစ်ပြီး အသင်းအတွက် အကောင်းဆုံး ခြေစွမ်းပြ နိုင်ခဲ့သလို ပြီးခဲ့တဲ့ ဘောလုံးရာသီမှာလည်း အက်သလက်တီကိုအသင်းနဲ့ ယူရိုပါလိဂ်ဖလား၊ ဥရောပ စူပါဖလားတို့ကို ရယူနိုင်ခဲ့ပါတယ်။ အသက် (၂၈) နှစ်အရွယ် ပြင်သစ်လက်ရွေးစင် ကစားသမားဟာ အက်သလက်တီကို မက်ဒရစ်အသင်း ပရိသတ်တွေရဲ့ အချစ်တော် ကစားသမားတစ်ဦးဖြစ်ပေမယ့် လက်ရှိအချိန်မှာတော့ အသင်းက ထွက်ခွာဖို့ ဆုံးဖြတ်ချက် ချမှတ်ခဲ့တဲ့အပေါ် အသင်းပရိသတ်တွေနဲ့ ဥက္ကဌဖြစ်သူ ဆီရီဇိုတို့က ဝေဖန်ပြစ်တင်မှုများ ပြုလုပ်ခဲ့ကြပါတယ်။

ဂရစ်ဇ်မန်းဟာ ပြင်သစ်အသင်းနဲ့ အတူ (၂၀၁၈) ကမ္ဘာ့ဖလားမှာ ဗိုလ်စွဲနိုင်ခဲ့တဲ့ ကစားသမားတစ်ဦးဖြစ်ပြီး ပြီးခဲ့တဲ့ နွေရာသီမှာတည်းက ဘာစီလိုနာအသင်းကို ပြောင်းရွှေ့ဖို့ အနီးစပ်ဆုံး အခြေအနေအထိ ရောက်ရှိခဲ့ပြီးမှ ဂရစ်ဇ်မန်းက အက်သလက်တီကိုမက်ဒရစ်အသင်းမှာသာ ဆက်နေရန် ဆုံးဖြတ်ခဲ့တာလည်း ဖြစ်ပါတယ်။ မာကာသတင်းစာရဲ့ ဖော်ပြချက်အရ ဂရစ်ဇ်မန်းဟာ သူ့ရဲ့ အနာဂတ် နဲ့ ပတ်သက်ပြီး အသင်း ရဲ့ အမှုဆောင် အရာရှိချုပ်ဖြစ်သူ ဂီးလ်မာတင်၊ နည်းပြဖြစ်သူ ဒီယေဂိုဆီမြွန်နီတို့ နဲ့ တွေ့ဆုံဆွေးနွေးခဲ့ပြီး အဆိုပါ အစည်းအဝေးမှာ ဂရစ်ဇ်မန်းက သူ့အနေနဲ့ မက်ဆီနဲ့ တွဲကစားခွင့်ရရှိဖို့ကို မငြင်းဆန်နိုင်ဘူးလို့ ပြောကြားခဲ့ကြောင်း သိရှိရပါတယ်။

ဒါ့အပြင် အခြားသော သတင်းများ ရဲ့ ဖော်ပြချက်အရ ဘာစီလိုနာအသင်းခေါင်းဆောင် မက်ဆီဟာ ဂရစ်ဇ်မန်းဆီ တိုက်ရိုက်ဖုန်းခေါ်ဆိုခဲ့ပြီး သူနဲ့ အတူ လာလီဂါ ချန်ပီယံအသင်းမှာ တွဲကစားဖို့ ဖိတ်ခေါ်ခဲ့တယ်လို့လည်း သိရှိရပါတယ်။ ဂရစ်ဇ်မန်းဟာ အသင်းနဲ့ (၂၀၂၃) ခုနှစ်အထိ စာချုပ်သက်တမ်း ကျန်ရှိနေတဲ့ ကစားသမားတစ်ဦးဖြစ်ပြီး လက်ရှိစာချုပ်အရ စာချုပ်လျော်ကြေး ယူရိုသန်း (၂၀၀) ရှိနေပေမယ့် လာမယ့် ဇူလိုင်လ (၁) ရက်နေ့မှာတော့ အဆိုပါ လျော်ကြေးပမာဏဟာ ယူရိုသန်း (၁၂၀) အထိ လျော့ကျသွားမယ်လို့ သိရှိရပါတယ်။

ဂရစ်ဇ်မန်းကို ခေါ်ယူဖို့ ဘာစီလိုနာအသင်းက သတင်းများကျယ်လောင်စွာ ထွက်ပေါ်လျက်ရှိပေမယ့် မန်စီးတီးအသင်းကလည်း ဂရစ်ဇ်မန်းကို ကြားဖြတ်ခေါ်ယူရန် ပြင်ဆင်နေကြောင်း သတင်းများ ထွက်ပေါ်လာခဲ့ပြီး ပြင်သစ်ထိပ်သီးကလပ် PSG အသင်းကလည်း ဂရစ်ဇ်မန်းကို ခေါ်ယူဖို့ စောင့်ကြည့်လျက်ရှိနေတာလည်း ဖြစ်ပါတယ်။ ဒါပေမယ့် မန်စီးတီး နည်းပြ ဂွါဒီယိုလာကတော့ ဂရစ်ဇ်မန်းနဲ့ ပတ်သက်တဲ့ သတင်းတွေ အပေါ် “ဘာစီလိုနာကလူတွေမစိုးရိမ်ကြပါနဲ့။ ကျွန်တော်တို့ ဂရစ်ဇ်မန်းကို ခေါ်မှာ မဟုတ်ပါဘူး။ ဘာကြောင့်လဲဆိုတော့ သူ့အတွက် ပြောင်းရွှေ့ကြေးကို မပေးနိုင်လို့ပါ။ ကျွန်တော်တို့ ဂရစ်ဇ်မန်းကို စိတ်မဝင်စားတာကြောင့် ဘာစီလိုနာပရိသတ်တွေ စိုးရိမ်ဖို့ မလိုအပ်ပါဘူး။” ဟု ဖွင့်ဟပြောကြားမှုများ ပြုလုပ်သွားခဲ့ကြောင်းလည်း သိရှိရပါတယ်။