ဂရစ္ဇ္မန္းကို ဘာစီလိုနာ ႏွင့္အျပိဳင္ေခၚယူသြားမည္မဟုတ္တဲ့ မန္စီးတီး ႏွင့္ ပီအက္စ္ဂ်ီ

ဂြါဒီယိုလာ ႏွင့္ ေသာမတ္စ္တူခ်ယ္တို႔သည္ မန္စီးတီး ႏွင့္ ပီအက္စ္ဂ်ီအသင္းတို႔သည္ ဂရစ္ဇ္မန္းကို ေခၚယူႏိုင္ရန္အတြက္ ဘာစီလိုနာ အသင္းကို ယွဥ္ျပိဳင္မည္မဟုတ္ေၾကာင္း ႏွိပ္ကြပ္လိုက္ႏိုင္တယ္လို႔ သတင္းမ်ားထြက္ေပၚလာခဲ့ပါတယ္။ စပိန္ျမိဳ႕ေတာ္တြင္ ၅ ႏွစ္ၾကာ ျဖတ္သန္းခဲ့ျပီးေနာက္ အသက္ ၂၈ ႏွစ္အရြယ္ ဂရစ္ဇ္မန္း ႏွင့္ အက္သလက္တီကိုမက္ဒရစ္အသင္းတို႔သည္ ယခုရာသီအကုန္တြင္ လက္တြဲျဖဳတ္မည္ဟု အတည္ျပဳေျပာၾကားခဲ့ပါတယ္။

ျပီးခဲ့တဲ့ ဇြန္လက ျပင္သစ္တိုက္စစ္မွဴးသည္ Wanda Metropolitano တြင္ ၂၀၂၃ ခုႏွစ္အထိ ဆက္ရွိေနမည့္ စာခ်ဳပ္သစ္တစ္ရပ္ထပ္မံခ်ဳပ္ဆိုခဲ့ျပီးေနာက္ The Decision ဆိုတဲ့ ေခါင္းစဥ္နဲ႔ ဂရစ္ဇ္မန္းသည္ ႏူးကမ့္သို႔ ေျပာင္းေရႊ႕မည္မဟုတ္ေသာ ဗီဒီယိုတစ္ခုထုတ္လုပ္ခဲ့ပါတယ္။

သို႔ေသာ္လည္း ယခုအခါ အဆိုပါတုိက္စစ္မွဴးသည္ အသင္းေျပာင္းမည္ဟု ဆံုးျဖတ္ခ်က္ခ်လိုက္ျခင္းေၾကာင့္ ပရီးမီးယားလိဂ္ခ်န္ပီယံ မန္စီးတီးအသင္းသည္ ဘာစီလိုနာမွ စိတ္၀င္စားေနေသာ တိုက္စစ္မွဴးကို စိန္ေခၚျပီး ၄င္းရဲ႕ စာခ်ဳပ္ေဖာက္ဖ်က္ေၾကး ေပါင္သန္း ၁၂၀ ကို ေပးေခ်ျပီး ေခၚယူ ႏိုင္ဖြယ္ရွိတယ္လို႔ သတင္းမ်ားက ေဖာ္ျပထားခဲ့ၾကပါတယ္။

သို႔ေသာ္ ဂြါဒီယိုလာက အဆုိပါေစ်းႏႈန္းမွာ မန္စီးတီးအတြက္ အရမ္းကို မ်ားျပားေန၍ ၄င္းတို႔အသင္းမွာလည္း UEFA ရဲ႕ ဘ႑ာေရး စည္းမ်ဥ္းရဲ႕ စံုစမ္းစစ္ေဆးမႈကို ခံေနရပါျပီး ျဖစ္ႏိုင္ဖြယ္ရွိေသာ သတင္းမ်ားအားလံုးကို ျငင္းဆန္သြားခဲ့ပါတယ္။ ဂြါဒီယိုလာက ေသာၾကာေန႔က သတင္းေထာက္မ်ားကို “ဘာစီလိုနာက လူမ်ားအေနနဲ႔ မစိုးရိမ္ပါနဲ႔။ ကၽြန္ေတာ္တို႔ဟာ ဂရစ္ဇ္မန္းကို ၀ယ္မွာ မဟုတ္ပါဘူး။ ကၽြန္ေတာ္တို႔မွာ ပိုက္ဆံမရွိပါဘူး” ဟု ေနာက္ေျပာင္ေျပာဆိုခဲ့ပါတယ္။

ပီအက္စ္ဂ်ီအသင္းကလည္း ဂရစ္ဇ္မန္းကို ဆက္သြယ္ေနသည္ဟု မန္စီးတီးအသင္းလို သတင္းမ်ားထြက္ေပၚခဲ့ေပမယ့္ တူခ်ယ္က အဆိုပါသတင္းမ်ားကို လွ်င္ျမန္စြာ ပယ္ခ်ခဲ့ျပီး သူ႔ရဲ႕ အဓိက ဦးစားေပးမွာ တိုက္စစ္မဟုတ္ပဲ ခံစစ္ကိုၾကံ့ခိုင္မႈရွိရန္အတြက္သာျဖစ္ ပါတယ္။ ပီအက္စ္ဂ်ီနညး္ျပက သတင္းစာရွင္လင္းပြဲတစ္ခုတြင္ “ဂရစ္ဇ္မန္းက ကမာၻေပၚက ဘယ္အသင္းမွာ မဆို ကစားႏိုင္ပါတယ္။ ဒါဟာ နည္းျပတိုင္းအတြက္ ေက်နပ္စရာပါ။ ဒါေပမယ့္ အခုအခ်ိန္မွာ ကၽြန္ေတာ္တို႔မလိုေသးပါဘူး။ ကၽြန္ေတ္ာတို႔ဟာ ခံစစ္ပိုင္းကို လိုအပ္ေနပါတယ္။ ခံစစ္အတြက္ ကစားသမားေတြကို ရွာေဖြေနတာပါ”ဟု ေျပာဆိုခဲ့ပါတယ္။

ဂရစ္ဇ္မန္းသည္ ယခုႏွစ္ေဘာလံုးရာသီ တြင္ အက္သလက္တီကိုမက္ဒရစ္အသင္းအတြက္ ျပိဳင္ပြဲစံု ၂၁ ဂိုးသြင္းယူထားျပီး စေနေန႔တြင္ လာလီဂါေနာက္ဆံုးပြဲျဖစ္ေသာ လီဗန္ေတး ႏွင့္ကစားမည့္ပြဲမွာ ၄င္းရဲ႕ ေနာက္ဆံုးႏႈတ္ဆက္ပြဲျဖစ္ပါတယ္။

Unicode

ဂရစ်ဇ်မန်းကို ဘာစီလိုနာ နှင့်အပြိုင်ခေါ်ယူသွားမည်မဟုတ်တဲ့ မန်စီးတီး နှင့် ပီအက်စ်ဂျီ

ဂွါဒီယိုလာ နှင့် သောမတ်စ်တူချယ်တို့သည် မန်စီးတီး နှင့် ပီအက်စ်ဂျီအသင်းတို့သည် ဂရစ်ဇ်မန်းကို ခေါ်ယူနိုင်ရန်အတွက် ဘာစီလိုနာ အသင်းကို ယှဉ်ပြိုင်မည်မဟုတ်ကြောင်း နှိပ်ကွပ်လိုက်နိုင်တယ်လို့ သတင်းများထွက်ပေါ်လာခဲ့ပါတယ်။ စပိန်မြို့တော်တွင် ၅ နှစ်ကြာ ဖြတ်သန်းခဲ့ပြီးနောက် အသက် ၂၈ နှစ်အရွယ် ဂရစ်ဇ်မန်း နှင့် အက်သလက်တီကိုမက်ဒရစ်အသင်းတို့သည် ယခုရာသီအကုန်တွင် လက်တွဲဖြုတ်မည်ဟု အတည်ပြုပြောကြားခဲ့ပါတယ်။

ပြီးခဲ့တဲ့ ဇွန်လက ပြင်သစ်တိုက်စစ်မှူးသည် Wanda Metropolitano တွင် ၂၀၂၃ ခုနှစ်အထိ ဆက်ရှိနေမည့် စာချုပ်သစ်တစ်ရပ်ထပ်မံချုပ်ဆိုခဲ့ပြီးနောက် The Decision ဆိုတဲ့ ခေါင်းစဉ်နဲ့ ဂရစ်ဇ်မန်းသည် နူးကမ့်သို့ ပြောင်းရွှေ့မည်မဟုတ်သော ဗီဒီယိုတစ်ခုထုတ်လုပ်ခဲ့ပါတယ်။

သို့သော်လည်း ယခုအခါ အဆိုပါတိုက်စစ်မှူးသည် အသင်းပြောင်းမည်ဟု ဆုံးဖြတ်ချက်ချလိုက်ခြင်းကြောင့် ပရီးမီးယားလိဂ်ချန်ပီယံ မန်စီးတီးအသင်းသည် ဘာစီလိုနာမှ စိတ်ဝင်စားနေသော တိုက်စစ်မှူးကို စိန်ခေါ်ပြီး ၎င်းရဲ့ စာချုပ်ဖောက်ဖျက်ကြေး ပေါင်သန်း ၁၂၀ ကို ပေးချေပြီး ခေါ်ယူ နိုင်ဖွယ်ရှိတယ်လို့ သတင်းများက ဖော်ပြထားခဲ့ကြပါတယ်။

သို့သော် ဂွါဒီယိုလာက အဆိုပါဈေးနှုန်းမှာ မန်စီးတီးအတွက် အရမ်းကို များပြားနေ၍ ၎င်းတို့အသင်းမှာလည်း UEFA ရဲ့ ဘဏ္ဍာရေး စည်းမျဉ်းရဲ့ စုံစမ်းစစ်ဆေးမှုကို ခံနေရပါပြီး ဖြစ်နိုင်ဖွယ်ရှိသော သတင်းများအားလုံးကို ငြင်းဆန်သွားခဲ့ပါတယ်။ ဂွါဒီယိုလာက သောကြာနေ့က သတင်းထောက်များကို “ဘာစီလိုနာက လူများအနေနဲ့ မစိုးရိမ်ပါနဲ့။ ကျွန်တော်တို့ဟာ ဂရစ်ဇ်မန်းကို ဝယ်မှာ မဟုတ်ပါဘူး။ ကျွန်တော်တို့မှာ ပိုက်ဆံမရှိပါဘူး” ဟု နောက်ပြောင်ပြောဆိုခဲ့ပါတယ်။

ပီအက်စ်ဂျီအသင်းကလည်း ဂရစ်ဇ်မန်းကို ဆက်သွယ်နေသည်ဟု မန်စီးတီးအသင်းလို သတင်းများထွက်ပေါ်ခဲ့ပေမယ့် တူချယ်က အဆိုပါသတင်းများကို လျှင်မြန်စွာ ပယ်ချခဲ့ပြီး သူ့ရဲ့ အဓိက ဦးစားပေးမှာ တိုက်စစ်မဟုတ်ပဲ ခံစစ်ကိုကြံ့ခိုင်မှုရှိရန်အတွက်သာဖြစ် ပါတယ်။ ပီအက်စ်ဂျီနည်းပြက သတင်းစာရှင်လင်းပွဲတစ်ခုတွင် “ဂရစ်ဇ်မန်းက ကမ္ဘာပေါ်က ဘယ်အသင်းမှာ မဆို ကစားနိုင်ပါတယ်။ ဒါဟာ နည်းပြတိုင်းအတွက် ကျေနပ်စရာပါ။ ဒါပေမယ့် အခုအချိန်မှာ ကျွန်တော်တို့မလိုသေးပါဘူး။ ကျွန်တေ်ာတို့ဟာ ခံစစ်ပိုင်းကို လိုအပ်နေပါတယ်။ ခံစစ်အတွက် ကစားသမားတွေကို ရှာဖွေနေတာပါ”ဟု ပြောဆိုခဲ့ပါတယ်။

ဂရစ်ဇ်မန်းသည် ယခုနှစ်ဘောလုံးရာသီ တွင် အက်သလက်တီကိုမက်ဒရစ်အသင်းအတွက် ပြိုင်ပွဲစုံ ၂၁ ဂိုးသွင်းယူထားပြီး စနေနေ့တွင် လာလီဂါနောက်ဆုံးပွဲဖြစ်သော လီဗန်တေး နှင့်ကစားမည့်ပွဲမှာ ၎င်းရဲ့ နောက်ဆုံးနှုတ်ဆက်ပွဲဖြစ်ပါတယ်။