ချဲလ်ဆီးအသင်းရဲ့ အဓိက နောက်ခံလူကို ဘာစီလိုနာအသင်းခေါ်ယူရန် ငြင်းဆန်ခဲ့ကြောင်း သတင်းများထွက်ပေါ်

ဒီဘောလုံးရာသီမှာ ချဲလ်ဆီးအသင်းအတွက် နောက်တန်းမှာ အထူး ခြေစွမ်းပြလျက်ရှိတဲ့ ဘရာဇီးနောက်ခံလူ ဒေးဗစ်လုဇ်ကို ခေါ်ယူဖို့အတွက် ဘာစီလိုနာအသင်း အခွင့်အရေးရခဲ့ဖူးပေမဲ့ ငြင်းဆန်ခဲ့တယ်လို့ သိရှိရပါတယ်။ လွန်ခဲ့တဲ့ ငါးနှစ်က ဘာစီလိုနာအသင်းဟာ နောက်ခံလူအသစ်ခေါ်ယူဖို့အတွက် စီစဉ်ခဲ့ပြီး ဘရာဇီးနောက်ခံလူဖြစ်တဲ့ ဒေးဗစ်လုဇ်ကို ခေါ်ယူဖို့ စောင့်ကြည့်ခဲ့ဖူးပေမဲ့ မခေါ်ယူဖြစ်ခဲ့ဘူးလို့ သိရှိရပါတယ်။ 

ဒေးဗစ်လုဇ် ချဲလ်ဆီးအသင်းမှာ ပထမဆုံးစတင် ကစားချိန်တည်းက ဘာစီလိုနာအသင်းဟာ ဒေးဗစ်လုဇ်ကို ခေါ်ယူဖို့ စီစဉ်ခဲ့တယ်လို့ စပိန်သတင်းစာတစ်စောင်က ဖော်ပြခဲ့ပြီး ဒေးဗစ်လုဇ်နဲ့ ပတ်သက်ပြီး အသေးစိတ်စောင့်ကြည့်ခဲ့တယ်လို့ သိရှိရပါတယ်။ (၂၀၁၃) နွေရာသီမှာ ဘာစီလိုနာအသင်းဟာ PSG အသင်းရဲ့ ဘရာဇီးနောက်ခံလူဖြစ်တဲ့ သီယာဂိုဆေးလ်ဗားကို ခေါ်ယူဖို့ ကြိုးစားခဲ့သေးပေမဲ့ PSG အသင်းက သီယာဂိုဆေးလ်ဗားကို လက်လွှတ်ဖို့ စိတ်ကူးမရှိခဲ့တာကြောင့် ဒေးဗစ်လုဇ်ကို ပစ်မှတ်အဖြစ် ထားပြီး စောင့်ကြည့်ခဲ့တာလည်း ဖြစ်ပါတယ်။ 

အဲ့ဒီအချိန်က အသင်းရဲ့ အားကစားဒါရိုက်တာဆန်လီဟီကိုယ်တိုင် (၂၀၁၃) ကွန်ဖက်ဒရေးရှင်းဖလားပြိုင်ပွဲကို သွားရောက်ပြီး ဒေးဗစ်လုဇ်ရဲ့ ခြေစွမ်းကို စောင့်ကြည့်ခဲ့ကြတဲ့ အပြင် ဒေးဗစ်လုဇ်ရဲ့ ဘရာဇီးအသင်းဖော်တွေဖြစ်တဲ့ ဒန်နီအဲလ်ဗက်စ် နေမာတို့ကပါ ဒေးဗစ်လုဇ်ကို ခေါ်ယူဖို့ အသင်းကို ထောက်ခံချက်ပေးခဲ့ပေမဲ့ ဘာစီလိုနာအသင်းက ကစားသမားရဲ့ ခြေစွမ်းကို ကြိုက်နှစ်သက်ခြင်းမရှိတာကြောင့် ခေါ်ယူဖို့ ငြင်းဆန်ခဲ့တယ်လို့ သိရှိရပါတယ်။ လာမယ့် ဆောင်းရာသီ အပြောင်းအရွှေ့မှာ ဘာစီလိုနာအသင်းက ဗဟိုနောက်ခံလူအသစ်ရှာဖွေမှာဖြစ်ပြီး ဒေးဗစ်လုဇ်ကို ခေါ်ယူဖို့ စိတ်ဝင်စားနေတယ်လို့ သတင်းတွေ ထွက်ပေါ်နေပေမဲ့ အခုလိုမျိုး စပိန်သတင်းစာတွေက ဒေးဗစ်လုဇ်ကို ဘာစီလိုနာအသင်း ခေါ်ယူဖို့ စိတ်ဝင်စားမှာ မဟုတ်ဘူးလို့ ဖော်ပြခဲ့ကြတာလည်း ဖြစ်ပါတယ်။

 

 

 

2K Shares

Leave a Reply

Your email address will not be published. Required fields are marked *