ခ်ယ္လ္ဆီးရဲ႕ ပိတ္ပင္ခံရမႈက ရီးရဲလ္အတြက္လည္း သတင္းဆိုးျဖစ္လာ

ခ်ယ္လ္ဆီးအသင္းရဲ႕ အေျပာင္းအေရႊ႕ ပိတ္ပင္ခံရမႈဟာ ရီးရဲလ္မက္ဒရစ္အသင္းအတြက္ေတာ့ စိတ္ပ်က္စရာ သတင္းတစ္ပုဒ္ ျဖစ္လာခဲ့ရပါတယ္။ လူငယ္ကစားသမားေတြကို ေခၚယူခဲ့ရာမွာ ဖီဖာရဲ႕ စည္းမ်ဥ္းေတြကို ခ်ိဳးေဖာက္ခဲ့တယ္လို႔ စစ္ေဆးေတြ႕ရွိအျပီးမွာ ခ်ယ္လ္ဆီးဟာ မ်ားျပားလွတဲ့ ေငြဒဏ္နဲ႔အတူ အေျပာင္းအေရႊ႕ ျပဳလုပ္ခြင့္ပါ တစ္ႏွစ္ပိတ္ပင္ခံခဲ့ရပါတယ္။

ကစားသမားသစ္၀ယ္ယူဖို႔အတြက္ အခြင့္အေရးမရွိေတာ့တဲ့ေနာက္မွာ ခ်ယ္လ္ဆီးဟာ အသင္းက ကစားသမားေတြကို ထိန္းသိမ္းဖို႔သာ ၾကိဳးစားရေတာ့မွာျဖစ္ျပီး ကစားသမားေတြကို ျပန္လည္ေရာင္းခ်ဖို႔အတြက္ အခြင့္အလမ္းနည္းပါးသြားခဲ့ျပီလည္း ျဖစ္ပါတယ္။ ဒါဟာ ခ်ယ္လ္ဆီးကစားသမား ဟာဇက္ကို ေခၚယူဖို႔အတြက္ အသည္းအသန္ ၾကိဳးစားေနတဲ့ ရီးရဲလ္အတြက္ သတင္းဆိုးတစ္ခုေတာ့ ျဖစ္ခဲ့ပါတယ္။

လာမယ့္ေႏြရာသီမွာ ဟာဇက္ကို ေခၚယူႏိုင္ဖို႔ အားထုတ္ေနခဲ့တဲ့ ရီးရဲလ္ဟာ ခ်ယ္္လ္ဆီးရဲ႕ နဂိုကတည္းက ဟာဇက္ကို မေရာင္းခ်ခ်င္တဲ့ အေနအထားနဲ႔အတူ အေျပာင္းအေရႊ႕ပါ ပိတ္ပင္ခံလိုက္ရတဲ့အတြက္ေၾကာင့္ ပိုျပီးေမွ်ာ္လင့္ခ်က္မဲ့သြားခဲ့တာလည္း ျဖစ္ပါတယ္။ မက္ဒရစ္မွာ အိမ္၀ယ္ယူဖို႔ ၾကိဳးစားေနတဲ့သတင္းေတြ ထြက္ခဲ့အျပီးမွာ ဟာဇက္က ရီးရဲလ္ကို ေျပာင္းေရႊ႕ဖို႔ ေရပန္းစားခဲ့တာလည္း ျဖစ္ပါတယ္။

လက္ရွိအေျခအေနအရ ခ်ယ္လ္ဆီးအေနနဲ႔ အသင္းရဲ႕နည္းျပအျပင္ ကစားသမားေတြကိုပါ ထိန္းသိမ္းဖို႔အတြက္သာ အာရံုစိုက္ရေတာ့မွာျဖစ္ျပီး ခ်ယ္လ္ဆီးကစားသမားေတြကို ပစ္မွတ္ထားေနတဲ့ ကလပ္အသင္းေတြအတြက္လည္း ထိုးႏွက္ခ်က္တစ္ခုျဖစ္လာခဲ့ပါတယ္။ ခ်ယ္လ္ဆီးအေနနဲ႔ အယူခံ၀င္သြားမယ္လို႔ ေၾကညာခဲ့ေပမယ့္လည္း လြယ္ကူမႈရွိမယ့္ အေနအထားမဟုတ္တဲ့အတြက္ေၾကာင့္ ျပစ္ဒဏ္ကို လက္ခံရဖြယ္သာ ရွိတယ္လို႔လည္း ခန္႔မွန္းရပါတယ္။

Unicode Version

ချယ်လ်ဆီးအသင်းရဲ့ အပြောင်းအရွှေ့ ပိတ်ပင်ခံရမှုဟာ ရီးရဲလ်မက်ဒရစ်အသင်းအတွက်တော့ စိတ်ပျက်စရာ သတင်းတစ်ပုဒ် ဖြစ်လာခဲ့ရပါတယ်။ လူငယ်ကစားသမားတွေကို ခေါ်ယူခဲ့ရာမှာ ဖီဖာရဲ့ စည်းမျဉ်းတွေကို ချိုးဖောက်ခဲ့တယ်လို့ စစ်ဆေးတွေ့ရှိအပြီးမှာ ချယ်လ်ဆီးဟာ များပြားလှတဲ့ ငွေဒဏ်နဲ့အတူ အပြောင်းအရွှေ့ ပြုလုပ်ခွင့်ပါ တစ်နှစ်ပိတ်ပင်ခံခဲ့ရပါတယ်။

ကစားသမားသစ်ဝယ်ယူဖို့အတွက် အခွင့်အရေးမရှိတော့တဲ့နောက်မှာ ချယ်လ်ဆီးဟာ အသင်းက ကစားသမားတွေကို ထိန်းသိမ်းဖို့သာ ကြိုးစားရတော့မှာဖြစ်ပြီး ကစားသမားတွေကို ပြန်လည်ရောင်းချဖို့အတွက် အခွင့်အလမ်းနည်းပါးသွားခဲ့ပြီလည်း ဖြစ်ပါတယ်။ ဒါဟာ ချယ်လ်ဆီးကစားသမား ဟာဇက်ကို ခေါ်ယူဖို့အတွက် အသည်းအသန် ကြိုးစားနေတဲ့ ရီးရဲလ်အတွက် သတင်းဆိုးတစ်ခုတော့ ဖြစ်ခဲ့ပါတယ်။

လာမယ့်နွေရာသီမှာ ဟာဇက်ကို ခေါ်ယူနိုင်ဖို့ အားထုတ်နေခဲ့တဲ့ ရီးရဲလ်ဟာ ချယ််လ်ဆီးရဲ့ နဂိုကတည်းက ဟာဇက်ကို မရောင်းချချင်တဲ့ အနေအထားနဲ့အတူ အပြောင်းအရွှေ့ပါ ပိတ်ပင်ခံလိုက်ရတဲ့အတွက်ကြောင့် ပိုပြီးမျှော်လင့်ချက်မဲ့သွားခဲ့တာလည်း ဖြစ်ပါတယ်။ မက်ဒရစ်မှာ အိမ်ဝယ်ယူဖို့ ကြိုးစားနေတဲ့သတင်းတွေ ထွက်ခဲ့အပြီးမှာ ဟာဇက်က ရီးရဲလ်ကို ပြောင်းရွှေ့ဖို့ ရေပန်းစားခဲ့တာလည်း ဖြစ်ပါတယ်။

လက်ရှိအခြေအနေအရ ချယ်လ်ဆီးအနေနဲ့ အသင်းရဲ့နည်းပြအပြင် ကစားသမားတွေကိုပါ ထိန်းသိမ်းဖို့အတွက်သာ အာရုံစိုက်ရတော့မှာဖြစ်ပြီး ချယ်လ်ဆီးကစားသမားတွေကို ပစ်မှတ်ထားနေတဲ့ ကလပ်အသင်းတွေအတွက်လည်း ထိုးနှက်ချက်တစ်ခုဖြစ်လာခဲ့ပါတယ်။ ချယ်လ်ဆီးအနေနဲ့ အယူခံဝင်သွားမယ်လို့ ကြေညာခဲ့ပေမယ့်လည်း လွယ်ကူမှုရှိမယ့် အနေအထားမဟုတ်တဲ့အတွက်ကြောင့် ပြစ်ဒဏ်ကို လက်ခံရဖွယ်သာ ရှိတယ်လို့လည်း ခန့်မှန်းရပါတယ်။