ကၽြန္ေတာ္ဘယ္ကိုမွ မသြားပါဘူး ဟု ဂ်ဴဗင္တပ္နည္းျပသစ္အျဖစ္ ေရပန္းစားေနေသာ ဂြါဒီယိုလာဆို

ပက္ဂြါဒီယိုလာက သူအေနနဲ႔ မန္စီးတီးအသင္းမွ ထြက္ခြာျပီး ဂ်ဴဗင္တပ္နည္းျပျဖစ္လာမည္ကို စိတ္၀င္စားျခင္းမရွိေၾကာင္း အၾကိမ္ၾကိမ္ ေျပာဆုိမႈျပဳလုပ္သြားခဲ့ပါတယ္။ အသက္ ၄၈ ႏွစ္အရြယ္ရွိ နညး္ျပၾကီးသည္ ေသာၾကာေန႔က လက္ရွိဂ်ဴဗင္တပ္နညး္ျပ အယ္လီဂရီသည္ ရာသီအကုန္တြင္ အသင္းမွ ထြက္ခြာမည္ျဖစ္ေၾကာင္း အတည္ျပဳေျပာၾကားလိုက္ျပီးကတည္းက ဂ်ဴဗင္တပ္နည္းျပျဖစ္လာမည္ဟု သတင္းမ်ား ထြက္ေပၚေနျပီး ေရပန္းစားေနသူျဖစ္ပါတယ္။ ဂြါဒီယိုလာသည္ မန္စီးတီးအသင္းႏွင့္ ျပီးခဲ့တဲ့ႏွစ္ကမွ စာခ်ဳပ္သက္တမ္း တိုးခဲ့ျပီး ကုန္ဆံုးရန္ ၂ ႏွစ္က်န္ရွိေနေသးျပီး သူ႔အေနနဲ႔ ယခုအခ်ိန္မွာ အီတီဟက္ကြင္းမွ ထြက္ခြာရန္အေၾကာင္းျပခ်က္မရွိေၾကာင္း ဆိုခဲ့ပါတယ္။

၄င္းက အက္ဖ္ေအဖလားဗိုလ္လုပြဲတြင္ ၀က္ဖို႔ဒ္ႏွင့္ပြဲမတိုင္မီ သတင္းစာရွင္းလင္းပြဲ၌ “ကၽြန္ေတာ္ ဘယ္ႏွစ္ခါေျပာေနရမွာလဲ? ကၽြန္ေတာ္ ဂ်ဴဗင္တပ္ကို သြားမွာမဟုတ္ပါဘူး။ ကၽြန္ေတာ္ အီတလီကို မသြားပါဘူး။ ကၽြန္ေတာ္ ဒီမွာ ေက်နပ္ေနပါတယ္။ ဘယ္ကိုမွ မသြားပါဘူး။ ေနာက္ရာသီမွာ မန္စီးတီးအသင္းနည္းျပအျဖစ္ ရွိေနမွာပါ။ ဒါကိုလည္း အၾကိမ္ၾကိမ္ေျပာခဲ့ျပီးပါျပီ” ဟု ေျပာဆိုခဲ့ပါတယ္။

မန္စီးတီးအသင္းသည္ ကာရာေဘာင္ဖလား ႏွင့္ ပရီးမီးယားလိဂ္ဖလားတုိ႔အား ရရွိျပီးျပီျဖစ္ေသာေၾကာင့္ စေနေန႔တြင္ကစားမည့္ အက္ဖ္ေအဖလားဗိုလ္လုပြဲတြင္ အႏိုင္ရခဲ့ပါက သမိုင္းတြင္ အဂၤလန္ရဲ႕ အဓိကအက်ဆံုးေသာ ဖလား ၃ လံုးကို ဆြတ္ခူးရရွိႏိုင္မည့္ ပထမဆံုးအသင္းတစ္သင္းျဖစ္သြားမည္ဟု သိရွိရပါတယ္။

Unicode

ကျွန်တော်ဘယ်ကိုမှ မသွားပါဘူး ဟု ဂျူဗင်တပ်နည်းပြသစ်အဖြစ် ရေပန်းစားနေသော ဂွါဒီယိုလာဆို

ပက်ဂွါဒီယိုလာက သူအနေနဲ့ မန်စီးတီးအသင်းမှ ထွက်ခွာပြီး ဂျူဗင်တပ်နည်းပြဖြစ်လာမည်ကို စိတ်ဝင်စားခြင်းမရှိကြောင်း အကြိမ်ကြိမ် ပြောဆိုမှုပြုလုပ်သွားခဲ့ပါတယ်။ အသက် ၄၈ နှစ်အရွယ်ရှိ နည်းပြကြီးသည် သောကြာနေ့က လက်ရှိဂျူဗင်တပ်နည်းပြ အယ်လီဂရီသည် ရာသီအကုန်တွင် အသင်းမှ ထွက်ခွာမည်ဖြစ်ကြောင်း အတည်ပြုပြောကြားလိုက်ပြီးကတည်းက ဂျူဗင်တပ်နည်းပြဖြစ်လာမည်ဟု သတင်းများ ထွက်ပေါ်နေပြီး ရေပန်းစားနေသူဖြစ်ပါတယ်။ ဂွါဒီယိုလာသည် မန်စီးတီးအသင်းနှင့် ပြီးခဲ့တဲ့နှစ်ကမှ စာချုပ်သက်တမ်း တိုးခဲ့ပြီး ကုန်ဆုံးရန် ၂ နှစ်ကျန်ရှိနေသေးပြီး သူ့အနေနဲ့ ယခုအချိန်မှာ အီတီဟက်ကွင်းမှ ထွက်ခွာရန်အကြောင်းပြချက်မရှိကြောင်း ဆိုခဲ့ပါတယ်။

၎င်းက အက်ဖ်အေဖလားဗိုလ်လုပွဲတွင် ဝက်ဖို့ဒ်နှင့်ပွဲမတိုင်မီ သတင်းစာရှင်းလင်းပွဲ၌ “ကျွန်တော် ဘယ်နှစ်ခါပြောနေရမှာလဲ? ကျွန်တော် ဂျူဗင်တပ်ကို သွားမှာမဟုတ်ပါဘူး။ ကျွန်တော် အီတလီကို မသွားပါဘူး။ ကျွန်တော် ဒီမှာ ကျေနပ်နေပါတယ်။ ဘယ်ကိုမှ မသွားပါဘူး။ နောက်ရာသီမှာ မန်စီးတီးအသင်းနည်းပြအဖြစ် ရှိနေမှာပါ။ ဒါကိုလည်း အကြိမ်ကြိမ်ပြောခဲ့ပြီးပါပြီ” ဟု ပြောဆိုခဲ့ပါတယ်။

မန်စီးတီးအသင်းသည် ကာရာဘောင်ဖလား နှင့် ပရီးမီးယားလိဂ်ဖလားတို့အား ရရှိပြီးပြီဖြစ်သောကြောင့် စနေနေ့တွင်ကစားမည့် အက်ဖ်အေဖလားဗိုလ်လုပွဲတွင် အနိုင်ရခဲ့ပါက သမိုင်းတွင် အင်္ဂလန်ရဲ့ အဓိကအကျဆုံးသော ဖလား ၃ လုံးကို ဆွတ်ခူးရရှိနိုင်မည့် ပထမဆုံးအသင်းတစ်သင်းဖြစ်သွားမည်ဟု သိရှိရပါတယ်။