ကြ်န္ေတာ့္အလုပ္ကေတာ့ အၿမဲတမ္း အႏၱရာယ္ရွိပါတယ္ #ဆာရီ

ခ်ဲလ္ဆီးအသင္းနည္းျပ ဆာရီက မန္စီးတီးအသင္းကို ရံႈးနိမ့္ခ့ဲ့တ့ဲပြဲအၿပီးမွာ သူ႔ရဲ႕ နည္းျပရာထူးနဲ႔ ပတ္သက္ၿပီး ဖြင့္ဟေျပာၾကားမႈေတြ ျပဳလုပ္သြားခ့ဲပါတယ္။ မေန႔က ကစားခ့ဲတ့ဲ ပြဲမွာ ခ်ဲလ္ဆီးအသင္းဟာ မန္စီးတီးအသင္းကို အေဝးကြင္းမွာ ေျခာက္ဂိုးျပတ္နဲ႔ ရံႈးနိမ့္ခ့ဲၿပီး ပြဲအၿပီးမွာ ရာထူးကေန အထုတ္ပယ္ခံရႏုိင္ေခ်ရွိတယ္ဆိုတ့ဲ သတင္းမ်ားလည္း က်ယ္ေလာင္စြာထြက္ေပၚလာခ့ဲတာျဖစ္ပါတယ္။

ခ်ဲလ္ဆီးအသင္းဟာ ဒီပဲြမွာ ပထမပိုင္း (၂၄) မိနစ္မွာတင္ ၿပိဳင္ဘက္အသင္းကို ေလးဂိုးအထိ ခြင့္ျပဳထားရၿပီး အဆုိးရြားဆံုးအေနအထားေတြနဲ႔ ရင္ဆုိင္ခ့ဲရတာလည္း ျဖစ္ပါတယ္။ ခ်ဲလ္ဆီးအသင္းရဲ႕ ဒီရံႈးပြဲဟာ ေနာက္ဆံုး ကစားခ့ဲတ့ဲ ပရီးမီးယားလိဂ္ ပြဲစဥ္ (၄) ပြဲမွာ (၃) ပြဲအထိ ရံႈးနိမ့္ခ့ဲတာျဖစ္သလို ပရီးမီးယားလိဂ္သမုိင္းတစ္ေလွ်ာက္ ခ်ဲလ္ဆီးအသင္းအတြက္ အႀကီးမားဆံုး ရံႈးပြဲလည္း ျဖစ္ခ့ဲပါတယ္။ ခ်ဲလ္ဆီးအသင္းဟာ (၂၀၁၉) ခုႏွစ္အတြင္း ကစားထားတ့ဲ ၿပိဳင္ပြဲစံုအေဝးကြင္း ပြဲစဥ္ အားလံုးမွာ ရဂုိးတစ္ဂိုးမွမရွိခ့ဲတ့ဲအျပင္ ရာႏႈန္းျပည့္ ရံႈးပြဲနဲ႔ ရင္ဆုိင္ထားခဲ့ရတာေၾကာင့္ ဆာရီအေနနဲ႔ သူ႔ရဲ႕ နည္းျပရာထူးအတြက္လည္း ဖိအားေတြ ပိုမုိမ်ားျပားလာခ့ဲၿပီျဖစ္ပါတယ္။

ဆာရီရဲ႕ ခ်ဲလ္ဆီးအသင္းဟာ ဒီတစ္ပတ္ပြဲစဥ္မ်ားမကစားခင္မွာ အဆင့္ (၄) ေနရာမွာ ရပ္တည္ေနခ့ဲေပမ့ဲ ဒီရံႈးပြဲေၾကာင့္ ယူႏုိ္က္တက္အသင္းကို အဆင့္ (၄) ေနရာက ဖယ္ေပးလုိက္ရသလို အာဆင္နယ္အသင္းနဲ႔ ရမွတ္တူေနေပမ့ဲ ဂုိးကြာျခားခ်က္ေၾကာင့္ အဆင့္ (၆) ေနရာအထိ ဆင္းေပးလုိက္ရပါတယ္။ ဒီလိုမ်ိဳး အေျခအေနေတြနဲ႔ ရင္ဆိုင္ခ့ဲရတာေၾကာင့္ ဆာရီအေနနဲ႔ သူ႔ရဲ႕ ရာထူးအတြက္ စုိုးရိမ္မႈေတြ ရွိေနၿပီလားဆိုတ့ဲ ေမးခြန္းမ်ားနဲ႔ ပတ္သက္ၿပီးေတာ့ ကာယကံရွင္ကိုယ္တုိင္က “ခင္ဗ်ားကလပ္အသင္းကို ေမးလုိက္ပါ။ ကြ်န္ေတာ္ကေတာ့ အသင္းအတြက္ပဲ စိုးရိမ္ပါတယ္။” ဆိုၿပီးပြဲအၿပီးသတင္းစာရွင္းလင္းပြဲမွာ ေျပာၾကားသြားခ့ဲပါတယ္။

“ကြ်န္ေတာ့္ရဲ႕ စြမ္းေဆာင္ရည္နဲ႔ ပတ္သက္ၿပီး စိုးရိမ္မိတယ္ဆိုေပမ့ဲ ကြ်န္ေတာ့္ အလုပ္ကေတာ့ အၿမဲတမ္း risk ရွိေနတာပါ။ အ့ဲဒါေၾကာင့္ ကြ်န္ေတာ္ ဒီအတြက္ စိုးရိမ္ေနမွာမဟုတ္ပါဘူး။ ခင္ဗ်ားကလပ္အသင္းကိုပဲ ေမးလုိက္ပါ။” ဆိုၿပီး ဖြင့္ဟေျပာၾကားမႈေတြ ျပဳလုပ္သြားခ့ဲတယ္လို႔ သိရွိရပါတယ္။ ခ်ဲလ္ဆီးအသင္းဟာ အာဆင္နယ္အသင္း ဘုန္းေမာက္အသင္းတို႔ကို လည္း အေဝးကြင္းမွာ ဂိုးျပတ္ ရံႈးနိမ့္ခ့ဲၿပီး ဒီပြဲမ်ားအၿပီးမွာ နည္းျပဆာရီက ကစားသမားေတြရဲ႕ စိတ္ဓာတ္ပိုင္းဆုိင္ရာကို ေမးခြန္းထုတ္ခ့ဲသလို ကစားသမားေတြနဲ႔ ဆက္ဆံေရးဆိုးရြားေနေၾကာင္း သတင္းမ်ားထြက္ေပၚလ်က္ရွိၿပီး အခုလိုမ်ိဳး အရွက္တကြဲ ရံႈးပြဲနဲ႔ ထပ္မံရင္ဆုိင္ခ့ဲရတာေၾကာင့္ ဆာရီအေနနဲ႔ ရာထူးကေန အထုတ္ခံရဖုိ႔ အေလးေပးမႈမ်ားလည္း ျမင့္တက္လာခ့ဲၿပီျဖစ္ပါတယ္။

Unicode

ချဲလ်ဆီးအသင်းနည်းပြ ဆာရီက မန်စီးတီးအသင်းကို ရှုံးနိမ့်ခဲ့တဲ့ပွဲအပြီးမှာ သူ့ရဲ့ နည်းပြရာထူးနဲ့ ပတ်သက်ပြီး ဖွင့်ဟပြောကြားမှုတွေ ပြုလုပ်သွားခဲ့ပါတယ်။ မနေ့က ကစားခဲ့တဲ့ ပွဲမှာ ချဲလ်ဆီးအသင်းဟာ မန်စီးတီးအသင်းကို အဝေးကွင်းမှာ ခြောက်ဂိုးပြတ်နဲ့ ရှုံးနိမ့်ခဲ့ပြီး ပွဲအပြီးမှာ ရာထူးကနေ အထုတ်ပယ်ခံရနိုင်ချေရှိတယ်ဆိုတဲ့ သတင်းများလည်း ကျယ်လောင်စွာထွက်ပေါ်လာခဲ့တာဖြစ်ပါတယ်။

ချဲလ်ဆီးအသင်းဟာ ဒီပွဲမှာ ပထမပိုင်း (၂၄) မိနစ်မှာတင် ပြိုင်ဘက်အသင်းကို လေးဂိုးအထိ ခွင့်ပြုထားရပြီး အဆိုးရွားဆုံးအနေအထားတွေနဲ့ ရင်ဆိုင်ခဲ့ရတာလည်း ဖြစ်ပါတယ်။ ချဲလ်ဆီးအသင်းရဲ့ ဒီရှုံးပွဲဟာ နောက်ဆုံး ကစားခဲ့တဲ့ ပရီးမီးယားလိဂ် ပွဲစဉ် (၄) ပွဲမှာ (၃) ပွဲအထိ ရှုံးနိမ့်ခဲ့တာဖြစ်သလို ပရီးမီးယားလိဂ်သမိုင်းတစ်လျှောက် ချဲလ်ဆီးအသင်းအတွက် အကြီးမားဆုံး ရှုံးပွဲလည်း ဖြစ်ခဲ့ပါတယ်။ ချဲလ်ဆီးအသင်းဟာ (၂၀၁၉) ခုနှစ်အတွင်း ကစားထားတဲ့ ပြိုင်ပွဲစုံအဝေးကွင်း ပွဲစဉ် အားလုံးမှာ ရဂိုးတစ်ဂိုးမှမရှိခဲ့တဲ့အပြင် ရာနှုန်းပြည့် ရှုံးပွဲနဲ့ ရင်ဆိုင်ထားခဲ့ရတာကြောင့် ဆာရီအနေနဲ့ သူ့ရဲ့ နည်းပြရာထူးအတွက်လည်း ဖိအားတွေ ပိုမိုများပြားလာခဲ့ပြီဖြစ်ပါတယ်။

ဆာရီရဲ့ ချဲလ်ဆီးအသင်းဟာ ဒီတစ်ပတ်ပွဲစဉ်များမကစားခင်မှာ အဆင့် (၄) နေရာမှာ ရပ်တည်နေခဲ့ပေမဲ့ ဒီရှုံးပွဲကြောင့် ယူနိုက်တက်အသင်းကို အဆင့် (၄) နေရာက ဖယ်ပေးလိုက်ရသလို အာဆင်နယ်အသင်းနဲ့ ရမှတ်တူနေပေမဲ့ ဂိုးကွာခြားချက်ကြောင့် အဆင့် (၆) နေရာအထိ ဆင်းပေးလိုက်ရပါတယ်။ ဒီလိုမျိုး အခြေအနေတွေနဲ့ ရင်ဆိုင်ခဲ့ရတာကြောင့် ဆာရီအနေနဲ့ သူ့ရဲ့ ရာထူးအတွက် စိုးရိမ်မှုတွေ ရှိနေပြီလားဆိုတဲ့ မေးခွန်းများနဲ့ ပတ်သက်ပြီးတော့ ကာယကံရှင်ကိုယ်တိုင်က “ခင်ဗျားကလပ်အသင်းကို မေးလိုက်ပါ။ ကျွန်တော်ကတော့ အသင်းအတွက်ပဲ စိုးရိမ်ပါတယ်။” ဆိုပြီးပွဲအပြီးသတင်းစာရှင်းလင်းပွဲမှာ ပြောကြားသွားခဲ့ပါတယ်။

“ကျွန်တော့်ရဲ့ စွမ်းဆောင်ရည်နဲ့ ပတ်သက်ပြီး စိုးရိမ်မိတယ်ဆိုပေမဲ့ ကျွန်တော့် အလုပ်ကတော့ အမြဲတမ်း risk ရှိနေတာပါ။ အဲ့ဒါကြောင့် ကျွန်တော် ဒီအတွက် စိုးရိမ်နေမှာမဟုတ်ပါဘူး။ ခင်ဗျားကလပ်အသင်းကိုပဲ မေးလိုက်ပါ။” ဆိုပြီး ဖွင့်ဟပြောကြားမှုတွေ ပြုလုပ်သွားခဲ့တယ်လို့ သိရှိရပါတယ်။ ချဲလ်ဆီးအသင်းဟာ အာဆင်နယ်အသင်း ဘုန်းမောက်အသင်းတို့ကို လည်း အဝေးကွင်းမှာ ဂိုးပြတ် ရှုံးနိမ့်ခဲ့ပြီး ဒီပွဲများအပြီးမှာ နည်းပြဆာရီက ကစားသမားတွေရဲ့ စိတ်ဓာတ်ပိုင်းဆိုင်ရာကို မေးခွန်းထုတ်ခဲ့သလို ကစားသမားတွေနဲ့ ဆက်ဆံရေးဆိုးရွားနေကြောင်း သတင်းများထွက်ပေါ်လျက်ရှိပြီး အခုလိုမျိုး အရှက်တကွဲ ရှုံးပွဲနဲ့ ထပ်မံရင်ဆိုင်ခဲ့ရတာကြောင့် ဆာရီအနေနဲ့ ရာထူးကနေ အထုတ်ခံရဖို့ အလေးပေးမှုများလည်း မြင့်တက်လာခဲ့ပြီဖြစ်ပါတယ်။

 

725 Shares