ကိုပါအေမရိကၿပိဳင္ပြဲဝင္ဘရာဇီးအသင္းလူစာရင္းမွ နာမည္ေက်ာ္ ကစားသမားအခ်ိဳ႕ ခ်န္လွပ္ခံခ့ဲရ

ေႏြရာသီ အေျပာင္းအေရႊ႕မွာ က်င္းပမယ့္ ကိုပါအေမရိက ၿပိဳင္ပြဲဝင္ ဘရာဇီးအသင္းရဲ႕ လူစာရင္းကုိ နည္းျပ ထိထီက ထုတ္ျပန္ခ့ဲၿပီလုိ႔ သိရွိရပါတယ္။ ဘရာဇီးအသင္းဟာ ဒီၿပိဳင္ပဲြကို အိမ္ရွင္အျဖစ္ လက္ခံက်င္းပသြားမွာျဖစ္တာေၾကာင့္ လက္ရွိအခ်ိန္တည္းက ႀကိဳတင္ျပင္ဆင္မႈေတြ စတင္ျပဳလုပ္ဖို႔ စီစဥ္ေနတာျဖစ္ၿပီး လက္ရွိအခ်ိန္မွာေတာ့ အခုလုိပဲ အသင္းရဲ႕ ကစားသမား (၂၃) ေယာက္ စာရင္းကို ထုတ္ျပန္ခ့ဲတာလည္း ျဖစ္ပါတယ္။

ဒါေပမယ့္ နည္းျပ ထိထီရဲ႕ ကစားသမားစာရင္းက အျငင္းပြါးဖြယ္ရာေတြရွိခ့ဲၿပီး နာမည္ေက်ာ္ ကစားသမားတခ်ိဳ႕ ခ်န္လွပ္ခံခ့ဲရတာလည္း ျဖစ္ပါတယ္။ ထိထီဟာ အသင္းရဲ႕ ဂိုးသမားေနရာအတြက္ ဒီရာသီ ပရီးမီးယားလိဂ္ရဲ႕ အေကာင္းဆံုး ဂုိးသမား ႏွစ္ေယာက္လုိ႔ ေျပာရမယ့္ မန္စီးတီးအသင္းရဲ႕ ဂိုးသမား အီဒါဆန္ နဲ႔ လီဗာပူးအသင္းရဲ႕ ဂိုးသမား အယ္လစ္ဆန္တို႔ကို ေရြးခ်ယ္ခ့ဲၿပီး တိုက္စစ္ပုိင္းမွာေတာ့ လီဗာပူးအသင္းရဲ႕ တိုက္စစ္မွဴး ေဖမီႏိုနဲ႔ အသင္းေခါင္းေဆာင္ ေနမာတို႔ ပါဝင္လာခ့ဲပါတယ္။

ဒါေပမယ့္ လီဗာပူးအသင္းရဲ႕ ကြင္းလယ္မွာ အေကာင္းဆံုး ေျခစြမ္းေတြ ျပသႏုိင္ခ့ဲတ့ဲ ဖာဘင္ဟိုတစ္ေယာက္ ခ်န္လွပ္ခံခ့ဲရၿပီး ရီးရဲယ္မက္ဒရစ္အသင္းက ဘယ္ေနာက္ခံလူ မာဆယ္လို နဲ႔ ကိုပါအေမရိကၿပိဳင္ပြဲဝင္ ဘရာဇီး အသင္းလူစာရင္းမွာ ပါဝင္မယ္လုိ႔ သတင္းေတြ ထြက္ေပၚခ့ဲတ့ဲ လူငယ္ေျခတက္ ဗီနီရွပ္စ္ဂ်ဴနီယာတုိ႔ ခ်န္လွပ္ခံခ့ဲရသလို ဂ်ဴဗင္တပ္စ္အသင္းရဲ႕ ေတာင္ပံ ကစားသမား ေဒါက္ဂလပ္စ္ေကာ္စတာ၊ ဝက္စ္ဟမ္းအသင္းက ဖိလစ္ပီအန္ဒါဆန္၊ စပါးအသင္းက လူးကပ္စ္ေမာ္ရာတုိ႔ကေတာ့ ကိုပါအေမရိကၿပိဳင္ပြဲဝင္ ဘရာဇီးအသင္းရဲ႕ လူစာရင္းကေန ခ်န္လွပ္ခံခ့ဲရတယ္လို႔ သိရွိရပါတယ္။

တုိက္စစ္အတြက္ ဒီရာသီ ေအဂ်က္စ္အသင္းနဲ႔အတူ အေကာင္းဆံုး ေျခစြမ္းျပကစားႏုိင္ခ့ဲတ့ဲ ေဒးဗစ္နီရက္စ္ နဲ႔ အဲဗာတန္အသင္းရဲ႕ တုိက္စစ္မွဴး ရစ္ခ်ာလီဆန္တို႔ပါဝင္ခ့ဲၿပီး မန္စီးတီးအသင္းရဲ႕ တိုက္စစ္မွဴး ဂါဘရီရယ္ေဂ်းဆူတုိ႔ ပါဝင္လာခ့ဲတယ္လုိ႔ သိရွိရပါတယ္။ ေနာက္တန္းမွာေတာ့ အက္သလက္တီကိုမက္ဒရစ္အသင္းရဲ႕ ဝါရင့္ေနာက္ခံလူ ဖိလစ္ပီလူးဝစ္ နဲ႔ ရီးရဲယ္မက္ဒရစ္အသင္းကို ေျပာင္းေရႊ႕ေတာ့မယ့္ မီလီတာအုိတုိ႔ ပါဝင္လာခ့ဲၿပီး ကြင္းလယ္မွာ ဘာစီလိုနာအသင္းအတြက္ ေျခစြမ္းျပႏုိင္ဖုိ႔ ရုန္းကန္ေနရတ့ဲ ေကာ္တင္ဟို နဲ႔ အာသာမယ္လုိ၊ ဖာနန္ဒင္ဟုိ ၊ ကက္စ္မဲရိုးတို႔ ပါဝင္လာခ့ဲပါတယ္။

လက္ရွိ ဘရာဇီးအသင္းရဲ႕ လူစာရင္းမွာေတာ့ ျပည္တြင္း ဘရာဇီးလိဂ္က ကစားသမား (၃) ေယာက္သာ ပါဝင္လာခ့ဲၿပီး ကိုရင္သီယန္အသင္းရဲ႕ ဂိုးသမား ကက္စီယုိ၊ ေနာက္ခံလူ ဖာဂ္နာ နဲ႔ ဂရီမီယုိအသင္းရဲ႕ တုိက္စစ္ကစားသမား အဲဗာတန္ဆုိအာရက္စ္တုိ႔ ပါဝင္လာခ့ဲပါတယ္။ အဆုိပါ ကိုပါအေမရိကၿပိဳင္ပြဲႀကီးကုိေတာ့ ဘရာဇီးႏုိင္ငံမွာ ဇြန္လ (၁၄) ရက္ေန႔ကေန ဇူလိုင္လ (၇) ရက္ေန႔အထိ က်င္းပသြားမွာလည္း ျဖစ္ပါတယ္။ (၂၀၁၉) ကိုပါအေမရိၿပိဳင္ပြဲဝင္ ဘရာဇီးအသင္းလူစာရင္းအျပည့္အစံုကေတာ့ ေအာက္ပါအတိုင္းျဖစ္ပါတယ္။

ဂိုးသမား – အယ္လီဆန္ (လီဗာပူး) ၊ အီဒါဆန္ (မန္စီးတီး) ၊ ကက္စီယုိ (ကိုရင္သီယန္)

ေနာက္တန္း – ဒန္နီအဲလ္ဗက္စ္၊ သီယာဂိုေဆးလ္ဗား၊ မာကြင္ဟို႔စ္ (PSG) ၊ ဖာဂ္နာ (ကုိရင္သီယန္) ၊ ဖိလစ္ပီလူးဝစ္ (အက္သလက္တီကို) ၊ အဲလက္စ္ဆန္ဒရို (ဂ်ဴဗင္တပ္စ္) ၊ မီရန္ဒါ (အင္တာမီလန္) ၊ မီလီတာအုိ (ေပၚတို၊ ရီးရဲယ္မက္ဒရစ္)

ကြင္းလယ္ – ကက္စ္မဲရိုး (ရီးရဲယ္မက္ဒရစ္) ၊ ဖာနန္ဒင္ဟို (မန္စီးတီး) ၊ အာသာ၊ ေကာ္တင္ဟို (ဘာစီလုိနာ) ၊ အယ္လန္ (နာပိုလီ) ၊ လူးကပ္စ္ပါေကြတာ (ေအစီမီလန္)

ေရွ႕တန္း – ေနမာ (PSG) ၊ ရစ္ခ်ာလီဆန္ (အဲဗာတန္) ၊ ေဒးဗစ္နီရက္စ္ (ေအဂ်က္စ္) ၊ အဲဗာတန္ဆုိအာရက္စ္ (ဂရီမီယို) ၊ ေဖမီနို (လီဗာပူး) ၊ ဂါဘရီရယ္လ္ေဂ်းဆူ (မန္စီးတီး) တို႔ ျဖစ္ပါတယ္။ ဘရာဇီးအသင္းဟာ ကိုပါအေမရိကဖလားကို (၂၀၀၇) ခုႏွစ္မွာ ေနာက္ဆံုး ရရွိခ့ဲဖူးတာျဖစ္ၿပီး ဒီတစ္ႀကိမ္ အိမ္ကြင္းမွာ က်င္းပတ့ဲ ၿပိဳင္ပဲြမွာ အႏုိင္ယူဗိုလ္စြဲႏုိင္ဖို႔ လိုအပ္ေနပါတယ္။

Unicode

နွေရာသီ အပြောင်းအရွှေ့မှာ ကျင်းပမယ့် ကိုပါအမေရိက ပြိုင်ပွဲဝင် ဘရာဇီးအသင်းရဲ့ လူစာရင်းကို နည်းပြ ထိထီက ထုတ်ပြန်ခဲ့ပြီလို့ သိရှိရပါတယ်။ ဘရာဇီးအသင်းဟာ ဒီပြိုင်ပွဲကို အိမ်ရှင်အဖြစ် လက်ခံကျင်းပသွားမှာဖြစ်တာကြောင့် လက်ရှိအချိန်တည်းက ကြိုတင်ပြင်ဆင်မှုတွေ စတင်ပြုလုပ်ဖို့ စီစဉ်နေတာဖြစ်ပြီး လက်ရှိအချိန်မှာတော့ အခုလိုပဲ အသင်းရဲ့ ကစားသမား (၂၃) ယောက် စာရင်းကို ထုတ်ပြန်ခဲ့တာလည်း ဖြစ်ပါတယ်။

ဒါပေမယ့် နည်းပြ ထိထီရဲ့ ကစားသမားစာရင်းက အငြင်းပွါးဖွယ်ရာတွေရှိခဲ့ပြီး နာမည်ကျော် ကစားသမားတချို့ ချန်လှပ်ခံခဲ့ရတာလည်း ဖြစ်ပါတယ်။ ထိထီဟာ အသင်းရဲ့ ဂိုးသမားနေရာအတွက် ဒီရာသီ ပရီးမီးယားလိဂ်ရဲ့ အကောင်းဆုံး ဂိုးသမား နှစ်ယောက်လို့ ပြောရမယ့် မန်စီးတီးအသင်းရဲ့ ဂိုးသမား အီဒါဆန် နဲ့ လီဗာပူးအသင်းရဲ့ ဂိုးသမား အယ်လစ်ဆန်တို့ကို ရွေးချယ်ခဲ့ပြီး တိုက်စစ်ပိုင်းမှာတော့ လီဗာပူးအသင်းရဲ့ တိုက်စစ်မှူး ဖေမီနိုနဲ့ အသင်းခေါင်းဆောင် နေမာတို့ ပါဝင်လာခဲ့ပါတယ်။

ဒါပေမယ့် လီဗာပူးအသင်းရဲ့ ကွင်းလယ်မှာ အကောင်းဆုံး ခြေစွမ်းတွေ ပြသနိုင်ခဲ့တဲ့ ဖာဘင်ဟိုတစ်ယောက် ချန်လှပ်ခံခဲ့ရပြီး ရီးရဲယ်မက်ဒရစ်အသင်းက ဘယ်နောက်ခံလူ မာဆယ်လို နဲ့ ကိုပါအမေရိကပြိုင်ပွဲဝင် ဘရာဇီး အသင်းလူစာရင်းမှာ ပါဝင်မယ်လို့ သတင်းတွေ ထွက်ပေါ်ခဲ့တဲ့ လူငယ်ခြေတက် ဗီနီရှပ်စ်ဂျူနီယာတို့ ချန်လှပ်ခံခဲ့ရသလို ဂျူဗင်တပ်စ်အသင်းရဲ့ တောင်ပံ ကစားသမား ဒေါက်ဂလပ်စ်ကော်စတာ၊ ဝက်စ်ဟမ်းအသင်းက ဖိလစ်ပီအန်ဒါဆန်၊ စပါးအသင်းက လူးကပ်စ်မော်ရာတို့ကတော့ ကိုပါအမေရိကပြိုင်ပွဲဝင် ဘရာဇီးအသင်းရဲ့ လူစာရင်းကနေ ချန်လှပ်ခံခဲ့ရတယ်လို့ သိရှိရပါတယ်။

တိုက်စစ်အတွက် ဒီရာသီ အေဂျက်စ်အသင်းနဲ့အတူ အကောင်းဆုံး ခြေစွမ်းပြကစားနိုင်ခဲ့တဲ့ ဒေးဗစ်နီရက်စ် နဲ့ အဲဗာတန်အသင်းရဲ့ တိုက်စစ်မှူး ရစ်ချာလီဆန်တို့ပါဝင်ခဲ့ပြီး မန်စီးတီးအသင်းရဲ့ တိုက်စစ်မှူး ဂါဘရီရယ်ဂျေးဆူတို့ ပါဝင်လာခဲ့တယ်လို့ သိရှိရပါတယ်။ နောက်တန်းမှာတော့ အက်သလက်တီကိုမက်ဒရစ်အသင်းရဲ့ ဝါရင့်နောက်ခံလူ ဖိလစ်ပီလူးဝစ် နဲ့ ရီးရဲယ်မက်ဒရစ်အသင်းကို ပြောင်းရွှေ့တော့မယ့် မီလီတာအိုတို့ ပါဝင်လာခဲ့ပြီး ကွင်းလယ်မှာ ဘာစီလိုနာအသင်းအတွက် ခြေစွမ်းပြနိုင်ဖို့ ရုန်းကန်နေရတဲ့ ကော်တင်ဟို နဲ့ အာသာမယ်လို၊ ဖာနန်ဒင်ဟို ၊ ကက်စ်မဲရိုးတို့ ပါဝင်လာခဲ့ပါတယ်။

လက်ရှိ ဘရာဇီးအသင်းရဲ့ လူစာရင်းမှာတော့ ပြည်တွင်း ဘရာဇီးလိဂ်က ကစားသမား (၃) ယောက်သာ ပါဝင်လာခဲ့ပြီး ကိုရင်သီယန်အသင်းရဲ့ ဂိုးသမား ကက်စီယို၊ နောက်ခံလူ ဖာဂ်နာ နဲ့ ဂရီမီယိုအသင်းရဲ့ တိုက်စစ်ကစားသမား အဲဗာတန်ဆိုအာရက်စ်တို့ ပါဝင်လာခဲ့ပါတယ်။ အဆိုပါ ကိုပါအမေရိကပြိုင်ပွဲကြီးကိုတော့ ဘရာဇီးနိုင်ငံမှာ ဇွန်လ (၁၄) ရက်နေ့ကနေ ဇူလိုင်လ (၇) ရက်နေ့အထိ ကျင်းပသွားမှာလည်း ဖြစ်ပါတယ်။ (၂၀၁၉) ကိုပါအမေရိပြိုင်ပွဲဝင် ဘရာဇီးအသင်းလူစာရင်းအပြည့်အစုံကတော့ အောက်ပါအတိုင်းဖြစ်ပါတယ်။

ဂိုးသမား – အယ်လီဆန် (လီဗာပူး) ၊ အီဒါဆန် (မန်စီးတီး) ၊ ကက်စီယို (ကိုရင်သီယန်)

နောက်တန်း – ဒန်နီအဲလ်ဗက်စ်၊ သီယာဂိုဆေးလ်ဗား၊ မာကွင်ဟို့စ် (PSG) ၊ ဖာဂ်နာ (ကိုရင်သီယန်) ၊ ဖိလစ်ပီလူးဝစ် (အက်သလက်တီကို) ၊ အဲလက်စ်ဆန်ဒရို (ဂျူဗင်တပ်စ်) ၊ မီရန်ဒါ (အင်တာမီလန်) ၊ မီလီတာအို (ပေါ်တို၊ ရီးရဲယ်မက်ဒရစ်)

ကွင်းလယ် – ကက်စ်မဲရိုး (ရီးရဲယ်မက်ဒရစ်) ၊ ဖာနန်ဒင်ဟို (မန်စီးတီး) ၊ အာသာ၊ ကော်တင်ဟို (ဘာစီလိုနာ) ၊ အယ်လန် (နာပိုလီ) ၊ လူးကပ်စ်ပါကွေတာ (အေစီမီလန်)

ရှေ့တန်း – နေမာ (PSG) ၊ ရစ်ချာလီဆန် (အဲဗာတန်) ၊ ဒေးဗစ်နီရက်စ် (အေဂျက်စ်) ၊ အဲဗာတန်ဆိုအာရက်စ် (ဂရီမီယို) ၊ ဖေမီနို (လီဗာပူး) ၊ ဂါဘရီရယ်လ်ဂျေးဆူ (မန်စီးတီး) တို့ ဖြစ်ပါတယ်။ ဘရာဇီးအသင်းဟာ ကိုပါအမေရိကဖလားကို (၂၀၀၇) ခုနှစ်မှာ နောက်ဆုံး ရရှိခဲ့ဖူးတာဖြစ်ပြီး ဒီတစ်ကြိမ် အိမ်ကွင်းမှာ ကျင်းပတဲ့ ပြိုင်ပွဲမှာ အနိုင်ယူဗိုလ်စွဲနိုင်ဖို့ လိုအပ်နေပါတယ်။