ကစားသမားေခၚယူခြင့္ တစ္ႏွစ္တိတိ ပိတ္ပင္ခံလိုက္ရတဲ့ ခ်ယ္လ္ဆီး

ခ်ယ္လ္ဆီးအသင္းဟာ ၂၀၂၀ ေႏြရာသီ ေႏြရာသီကာလအထိ ကစားသမားအေျပာင္းအေရႊ႕ျပဳလုပ္ခြင့္ တစ္ရာသီပိတ္ပင္ခံလိုက္ရျပီ ျဖစ္ပါတယ္။ ဖီဖာက ခ်မွတ္ထားတဲ့ စည္းမ်ဥ္းေတြကို လူငယ္ကစားသမားေတြကို ေခၚယူခဲ့ရာမွာ ခ်ယ္လ္ဆီးက ခ်ိဳးေဖာက္ခဲ့တယ္လုိ႔ စစ္ေဆးေတြ႕ရွိအျပိးမွာ ဒဏ္ေငြနဲ႔အတူ အေျပာင္းအေရႊ႕လႈပ္ရွားခြင့္ပါ ပိတ္ပင္ခံလိုက္ရတာ ျဖစ္ပါတယ္။

လူငယ္ကစားသမား (၂၉)ဦးအထိ ေခၚယူခဲ့တဲ့ အေျပာင္းအေရႊ႕ကိစၥရပ္ေတြမွာ ခ်ယ္လ္ဆီးကက ဖီဖာရဲ႕ စည္းမ်ဥ္း (၁၉)နဲ႔ အျခားထပ္မံေခၚယူမႈ (၂)ခုမွာလည္း စည္းမ်ဥ္းအပိုင္း (၁၈)ကို ခ်ိဳးေဖာက္ခဲ့တာလည္း ျဖစ္ပါတယ္။ ဒဏ္ေၾကးေငြအေနနဲ႔ ခ်ယ္္လ္ဆီးဟာ ေပါင္ ၄၆၀၃၁၄အထိလည္း ခ်မွတ္ခံခဲ့ရတယ္လို႔ သိရပါတယ္။

“ခ်ယ္လ္ဆီးအေနနဲ႔ ကစားေခၚယူမႈေတြမွာ ဖီဖာရဲ႕ စည္းမ်ဥ္းအပိုင္း (၁၉)ကို ခ်ိဳးေဖာက္ခဲ့တာ ျဖစ္ပါတယ္၊ အလားတူပဲ အျခားေသာ စည္းမ်ဥ္းအပိုင္း (၁၈)ကိုလည္း ကစားသမားႏွစ္ဦးရဲ႕ ေခၚယူဖို႔ သေဘာတူညီခ်က္မွာ ခ်ိဳးေဖာက္ခဲ့တာလည္း ျဖစ္ပါတယ္၊ ဒါေၾကာင့္ စည္းကမ္းထိန္းသိမ္းေရး အဖြဲ႕အေနနဲ႔ ခ်ယ္လ္ဆီးကို ကစားသမားေခၚယူခြင့္ အေျပာင္းအေရႊ႕(၂)ခုစာ ပိတ္ပင္လိုက္ပါတယ္၊ ဒီပိတ္ပင္မႈက ကလပ္အသင္းတစ္ခုလံုးနဲ႔ သက္ဆိုင္ပါတယ္ ျခြင္းခ်က္အေနနဲ႔ အမ်ိဳးသမိးအသင္းနဲ႔ ဖူဆယ္အသင္းတို႔ေတာ့ မပါ၀င္ပါဘူး၊ ေနာက္ထပ္ျပစ္ဒဏ္အေနနဲ႔ေတာ့ ေငြဒဏ္ ေပါင္၄၆၀၃၁၄ ခ်မွတ္ခဲ့ပါတယ္” လို႔ ဖီဖာက ထုတ္ျပန္ေၾကညာခဲ့ပါတယ္။

ခ်ယ္လ္ဆီးအေနနဲ႔ လာမယ့္ေဘာလံုးရာသီအသစ္မွာ ဖြင့္လွစ္မယ့္ ေႏြရာသီအေျပာင္းအေရႊ႕ေစ်းကြက္ နဲ႔ ေဆာင္းရာသီအေျပာင္းအေရႊ႕ေစ်းကြက္ေတြမွာ ၀င္ေရာက္လႈပ္ရွားခြင့္ ရရွိမွာမဟုတ္တာေၾကာင့္ တစ္ႏွစ္တိတိ ပိတ္ပင္ခံရတယ္လို႔ သတ္မွတ္လို႔လည္း ရပါတယ္။ အသင္းအေနနဲ႔ ကစားသမားအင္အား ေတာင့္တင္းေအာင္ ျဖည့္ဆည္းလို႔ရေတာ့မွာမဟုတ္ပဲ ရွိရင္းစြဲကစားသမားေတြနဲ႔သာ လာမယ့္ရာသီကို ရင္ဆိုင္ရမွာလည္း ျဖစ္ပါတယ္။ ဒါေပမယ့္လည္း ခ်ယ္လ္ဆီးအေနနဲဲ႔ အယူခံ၀င္ ေခ်ပခြင့္ရွိေၾကာင္းလည္း ဖီဖာက ထုတ္ျပန္ေၾကညာခဲ့ပါတယ္။

Unicode Version

ချယ်လ်ဆီးအသင်းဟာ ၂၀၂၀ နွေရာသီ နွေရာသီကာလအထိ ကစားသမားအပြောင်းအရွှေ့ပြုလုပ်ခွင့် တစ်ရာသီပိတ်ပင်ခံလိုက်ရပြီ ဖြစ်ပါတယ်။ ဖီဖာက ချမှတ်ထားတဲ့ စည်းမျဉ်းတွေကို လူငယ်ကစားသမားတွေကို ခေါ်ယူခဲ့ရာမှာ ချယ်လ်ဆီးက ချိုးဖောက်ခဲ့တယ်လို့ စစ်ဆေးတွေ့ရှိအပြိးမှာ ဒဏ်ငွေနဲ့အတူ အပြောင်းအရွှေ့လှုပ်ရှားခွင့်ပါ ပိတ်ပင်ခံလိုက်ရတာ ဖြစ်ပါတယ်။

လူငယ်ကစားသမား (၂၉)ဦးအထိ ခေါ်ယူခဲ့တဲ့ အပြောင်းအရွှေ့ကိစ္စရပ်တွေမှာ ချယ်လ်ဆီးကက ဖီဖာရဲ့ စည်းမျဉ်း (၁၉)နဲ့ အခြားထပ်မံခေါ်ယူမှု (၂)ခုမှာလည်း စည်းမျဉ်းအပိုင်း (၁၈)ကို ချိုးဖောက်ခဲ့တာလည်း ဖြစ်ပါတယ်။ ဒဏ်ကြေးငွေအနေနဲ့ ချယ််လ်ဆီးဟာ ပေါင် ၄၆၀၃၁၄အထိလည်း ချမှတ်ခံခဲ့ရတယ်လို့ သိရပါတယ်။

“ချယ်လ်ဆီးအနေနဲ့ ကစားခေါ်ယူမှုတွေမှာ ဖီဖာရဲ့ စည်းမျဉ်းအပိုင်း (၁၉)ကို ချိုးဖောက်ခဲ့တာ ဖြစ်ပါတယ်၊ အလားတူပဲ အခြားသော စည်းမျဉ်းအပိုင်း (၁၈)ကိုလည်း ကစားသမားနှစ်ဦးရဲ့ ခေါ်ယူဖို့ သဘောတူညီချက်မှာ ချိုးဖောက်ခဲ့တာလည်း ဖြစ်ပါတယ်၊ ဒါကြောင့် စည်းကမ်းထိန်းသိမ်းရေး အဖွဲ့အနေနဲ့ ချယ်လ်ဆီးကို ကစားသမားခေါ်ယူခွင့် အပြောင်းအရွှေ့(၂)ခုစာ ပိတ်ပင်လိုက်ပါတယ်၊ ဒီပိတ်ပင်မှုက ကလပ်အသင်းတစ်ခုလုံးနဲ့ သက်ဆိုင်ပါတယ် ခြွင်းချက်အနေနဲ့ အမျိုးသမိးအသင်းနဲ့ ဖူဆယ်အသင်းတို့တော့ မပါဝင်ပါဘူး၊ နောက်ထပ်ပြစ်ဒဏ်အနေနဲ့တော့ ငွေဒဏ် ပေါင်၄၆၀၃၁၄ ချမှတ်ခဲ့ပါတယ်” လို့ ဖီဖာက ထုတ်ပြန်ကြေညာခဲ့ပါတယ်။

ချယ်လ်ဆီးအနေနဲ့ လာမယ့်ဘောလုံးရာသီအသစ်မှာ ဖွင့်လှစ်မယ့် နွေရာသီအပြောင်းအရွှေ့စျေးကွက် နဲ့ ဆောင်းရာသီအပြောင်းအရွှေ့စျေးကွက်တွေမှာ ဝင်ရောက်လှုပ်ရှားခွင့် ရရှိမှာမဟုတ်တာကြောင့် တစ်နှစ်တိတိ ပိတ်ပင်ခံရတယ်လို့ သတ်မှတ်လို့လည်း ရပါတယ်။ အသင်းအနေနဲ့ ကစားသမားအင်အား တောင့်တင်းအောင် ဖြည့်ဆည်းလို့ရတော့မှာမဟုတ်ပဲ ရှိရင်းစွဲကစားသမားတွေနဲ့သာ လာမယ့်ရာသီကို ရင်ဆိုင်ရမှာလည်း ဖြစ်ပါတယ်။ ဒါပေမယ့်လည်း ချယ်လ်ဆီးအနေနဲဲ့ အယူခံဝင် ချေပခွင့်ရှိကြောင်းလည်း ဖီဖာက ထုတ်ပြန်ကြေညာခဲ့ပါတယ်။